Unicode
ဂျောင်ကုတစ်ယောက်အိပ်ရာနိုးနိုးချင်းညာလက်မောင်းပေါ်ခေါင်းအုံးအိပ်နေတဲ့ပါးဖောင်းဖောင်းချစ်စရာကောင်လေးကိုတွေ့လိုက်ရတယ်
"အွမ်းးးးဂျီလေး ဘယ်ထဲကရောက်နေတာလဲ"
"မနေ့ညထဲကလေ ကိုကိုရဲ့"
"အာ...ကိုကိုအိပ်ပျော်နေတာသိတောင်မသိဘူး လာပါဦး ဖက်ဦးမယ်"
"ဟီး...ကိုကို့ရင်ခွင်ကြီးကနွေးနေတာပဲရော"
"ဂျီလေးအတွက်ပဲလေ နွေးမှာပေါ့"
ဂျီမင်းရဲ့နဖူးပေါ်ကဆံပင်ဝဲဝဲလေးကိုသပ်ကာ ညင်သာစွာနမ်းရှိုက်လိုက်တယ်
"ကိုကို ဒါဆို ထတော့ ဂျီလေး အင်္ကျီထုတ်ထားပေးမယ်နော်"
"ဟုတ်ပါပြီဗျာ"
ဂျောင်ကုတစ်ယောက်ရေချိုးခန်းထဲဝင်ရေမိုးချိုးပြန်ထွက်လာတော့
"ကိုကို ဒီ...ဒီအင်္ကျီက???"
သွေးစွန်းနေတဲ့ထယ်ယောင်းရဲ့အင်္ကျီကို ဂျောင်ကုအဝတ်ဘီဒိုထဲထည့်ပြီး ဂျောင်ကုအင်္ကျီလိုလုပ်ပြောနေတာပါနော်
ဂျောင်ကုလည်းအလွန်အမင်းလန့်သွားပြီး
"ဂျီ..ဂျီလေး ကိုကိုရှင်းပြမယ် အဲ့တာဘာလဲကိုကိုလည်းမသိဘူး"
"ဟင့်...ဒါဆိုဘာလို့ဒီထဲရှိနေရမှာလဲ ဘာလို့သွေးတွေနဲ့လဲ ကိုကိုမဟုတ်တာလုပ်ခဲ့တာလား"
"မဟုတ်...."
ထိုစဉ်အိမ်ရှေ့ကတံခါးခေါက်သံများ
"ကိုကို အင်္ကျီဝတ်ပြီးထွက်လာခဲ့ပါ"
ဂျီမင်းတစ်ယောက်မျက်နှာထားပြန်တင်းပြီးခပ်တည်တည်ပြောလိုက်ကာ ဂျောင်ကုဆီအဝတ်များပစ်ပေးလိုက်တယ် သူကိုယ်တိုင်ကတော့သွေးစွန်းအင်္ကျီတေယူသွားခဲ့တယ်
ဂျောင်ကုလည်းပျာတီးပျာယာအဝတ်တေအမြန်ဝတ်ပြီးဧည့်ခန်းဆီလာတော့ ရဲတွေနဲ့စုံထောက်တွေ...
"ကျနော် ရဲမှူးChoiပါ Mr.Kim Jungkookရဲ့အိပ်ခန်းထဲရှာရပါမယ်"
"နေပါဦး ဘာတေဖြစ်နေကြတာလဲ ကျနော်ဘာမှမသိဘူး ဘာမှလည်းမလုပ်ဘူးလေ"
YOU ARE READING
🖤𝗦𝗜𝗡𝗕𝗢𝗨𝗡𝗗🗝️
Fanfiction𝑉𝑀𝐼𝑁𝐾𝑂𝑂𝐾✓ •အသေလောင်ရမယ့်Ficဖြစ်ပါတယ် •စကားလုံးရိုင်းရိုင်းတေကြမ်းကြမ်းတေမကြိုက်တဲ့သူတေ၊ •အမှောင်ကိုမှသာမန်အမှောင်ပဲကြိုက်ပြီးအရမ်းပွင့်လင်းတာမကြိုက်တဲ့သူတေ၊ •အမှောင်ဖတ်ရတာမကြိုက်တဲ့Soft Stanတေ နဲ့ 21+ဆိုပေမယ့်ရှင်တို့ဖတ်ကြမှာသိတယ်ဆိုတော့ကာ...