"ရော့"
စားပွဲပေါ်ကိုအထုပ်တစ်ခုချပေးကာ Jungkook ပြောသည်...အထုပ်ကိုတစ်ချက်ကြည့်ပြီးနောက် Taehyung နားမလည်စွာ Jungkook ကိုမော့ကြည့်လိုက်သည်...
"ဒါတွေက..."
"မုန့်တွေလေ...ခင်ဗျားပဲကျေးဇူးဆပ်တဲ့အနေနဲ့မုန့်ဝယ်ကျွေးဆို...ခင်ဗျားဘယ်ဟာတွေကြိုက်တာမှန်းမသိလို့ကျွန်တော်ကြိုက်တာတွေပဲဝယ်လာခဲ့တယ် ရပြီမလား ကျွန်တော်သွားပြီ"
ပြောရင်းဆိုရင်း Jungkook လှည့်ထွက်ဖို့ပြင်သည်...Taehyung ကိုသူစိတ်ဆိုးမပြေသေးပါ...သူ့ကိုလည်းသေချာမချော့ရသေးဘူးလေ...သူ့ကိုယ်သူလည်း Jungkook နားမလည်ပါ...သူစိမ်းသာသာယောကျာ်းတစ်ယောက်ဆီကအချော့ခံချင်နေတယ်ဆိုတာ Jeon Jungkook ရဲ့သမိုင်းမှာရှိကိုမရှိခဲ့တာဖြစ်သည်...Taehyung နဲ့ကျမှအချော့ခံချင်နေလေသည်...ထွက်သွားဖို့ပြင်သော်လည်းအနောက်ကနေလှမ်းဆွဲလိုက်သည့်လက်တစ်စုံကြောင့် Jungkook ရပ်တန့်သွားရသည်...
"နေ...နေပါအုံး...ငါပြောတာကဒီလိုမဟုတ်ဘူးလေ အပြင်မှာအတူတူမုန့်သွားစားဖို့ပြောတာလေ...."
Jungkook ရဲ့လက်ကိုဆွဲထားရင်းမှ Taehyung ပြောသည်...သူ့ကိုစိတ်ဆိုးပြေသွားပြီဟု Taehyung ထင်ထားခဲ့တာဖြစ်သည်...အခုတော့အထင်နဲ့အမြင်တက်တက်စင်အောင်လွဲချေပြီ...
"ခင်ဗျားမှာအလုပ်တွေရှိသေးတယ်မလား...ဒါနဲ့ပဲကျေနပ်လိုက်စမ်းပါဗျာ"
ကိုယ့်စကားနဲ့ကိုယ်ပြန်အပက်ခံလိုက်ရတာမို့လို့ Taehyung မျက်နှာကရှုံ့မဲ့သွားလေသည်...
"မင်း...ငါ့ကိုစိတ်ဆိုးနေသေးတယ်မလား..."
"စိတ်ဆိုးတယ်?စိတ်ဆိုးရအောင်ကျွန်တော်ကကလေးလား...ကလေးကလားတွေမလုပ်ဘူး"
ကလေးမဟုတ်ဘူးသာပြောပေမယ့်ကလေးတွေစိတ်ကောက်ရင်ဖြစ်သည့်အတိုင်းနှုတ်ခမ်းကိုတစ်တောင်လောက်ထော်ထားလေသည်...ထို့အပြင် Taehyung ကိုင်ထားသည့်သူ့လက်ကိုလည်းဖြုတ်ချကာလက်ပိုက်လိုက်လေသည်...
"ကဲပါ...စိတ်ဆိုးဆိုးမဆိုးဆိုးငါကပဲတောင်းပန်တယ် ဟုတ်ပြီလား စိတ်ဆိုးပြေလိုက်တော့"
"ဒီမယ်...ခင်ဗျားတို့မြို့သားတွေကတော်တော်ပိုင်စိုးပိုင်နင်းနိုင်တာပဲ ကျွန်တော့်ဘာသာကျွန်တော်ဆက်ပြီးစိတ်ဆိုးချင်ရင်ဆိုးမှာပေါ့ ပြောပုံကိုကစိတ်ဆိုးပြေလိုက်တော့တဲ့ သူခိုင်းတဲ့အတိုင်းပဲလုပ်ရမှာလိုလို ဟွန့်"
YOU ARE READING
아름다운 영혼(𝙱𝚎𝚊𝚞𝚝𝚒𝚏𝚞𝚕 𝚂𝚘𝚞𝚕)
FanfictionYou're the most beautiful flower in my garden 𓂃܀❀ .*゚ {Both Unicode and Zawgyi}