Above The Fate (Part 6)

246 29 2
                                    

စမ်း တစ်ညလုံး ခေါင်းကတဆစ်ဆစ်နာနေတာကြောင့်သေသေချာချာပင် အိပ်မရပေ...စမ်းပဲလားဆိုတော့မဟုတ် မိုးထိက
တစ်ညလုံးအရိပ်တကြည့်ကြည့်ဖြင့်စမ်းလိုအပ်သမျှကိုအကုန်လုပ်ပေးသည်။

ထူးတော့ထူးဆန်းနေသည်မှာအမှန် မိုးထိနဲ့သူကပြိုင်ဘက်တွေလိုအမြဲတစေ ကြောင်နဲ့ကြွက်လိုကိုက်နေကြကို အခုလိုကြီးမိုးထိကသူ့ကိုသေချာလိုက်ဂရုစိုက်ပေးနေသည်မှာ မသိရင် မကြာခင်ချက်စားခံရတော့မဲ့ကြ က်ကိုအရိပ်တကြည့်ကြည့်နဲ့အစာဝအောင်ကျွေး သေချာဂရုစိုက်ပေးနေသလိုခံစားချက်ပင်..။

တခြားသူတွေအထင်လွှဲစရာဖြစ်ကုန်လိမ့်မယ် အိမ်ပြန်ပါဆိုတာကို မပြန်ဘဲ ပေကပ်နေသော ပြောမကောင်းဆိုမကောင်းမိုးထိခေါင်ကစမ်းရဲ့VVIPအခန်းကိုမသိရင်နှာခေါင်းပေါက်လောက်သာရှိတဲ့အခန်း
ပုံစံမျိုးလုပ်ပြောကာမနက်မိုးလင်းခန်နီးတွင်စမ်းရဲ့လူနာကုတင်ပေါ်အတင်းကပ်သပ်ကာတက်အိပ်လာလေသည်။

စမ်းဆီရောက်လာခါစကလို Bathrobeနဲ့မဟုတ်တော့ပဲ သူထွက်လာတဲ့နောက်ကိုသူ့တပည့်တသီကြီးကလဲလိုက်လာကာ ဖိနပ်
တစ်ဖက်Bathrobeသာဝတ်ထားသောသူတို့ဆရာအတွက်ဆိုပြီးအဝတ်အစားနဲ့ဖိနပ်ကိုလာပို့သွားတာကြောင့် ရောက်ခါစကလိုပေတိပေစုတ်မဟုတ်တော့ပေ...အဟက်ပြောမို့သာပြောတာအဲ့လိုပေတိပေစုတ်ဖရိုဖရဲတောင်ဒီကောင်ကကြည့်ကောင်းနေသေးတာ...။

စမ်းနိုး​​​နေတာကိုကုတင်ပေါ်ကမထပဲတစ်ယောက််တည်းအတွေးများနေတုန်း...အတင်းလာကပ်သပ်အိပ်နေသော ကိုယ်တော်ကလူးလဲကာနိုးလာပုံရတာကြောင့် စမ်းမျက်လုံးတွေကိုစုံပြန်မှိတ်မိလိုက်ပြီး အိပ်ချင်​ယောင်ဆောင်နေမိလိုက်သည်။

နေစမ်းပါဦး..ငါကဘာလို့သူနိုးလာတာကို အိပ်ချင်ယောင်ဆောင်ရတာပါလိမ့် စမ်းမင်းလဲရူးနေပြီပဲ....

ကိုယ့်ကိုကိုယ်ကျိန်ဆဲနေတုန်း စမ်းခေါင်းအောက်သို့ခေါင်းအုံးလောက်မပျော့သောအနည်းငယ်မာကျောတဲ့အရာတစ်ခု အတိအကျပြောရလျှင် မိုးထိရဲ့လက်မောင်းတစ်ဖက်ကခေါင်းအုံးအစားနေရာယူလာ
ပြီး ကုတင်အောက်ခြေမှာရှိတဲ့စောင်ကိုသူ့ခြေချောင်းတွေကိုအသုံးပြုကာအပေါ်ကိုဆွဲတင်ပြီးသူ့လက်မှီလောက်မဲ့နေရာရောက်မှ
စမ်းနဲ့သူ့ကိုယ်ပေါ်ကိုလွှမ်းခြုံလာပြီးကျန်တဲ့လက်တစ်ဖက်နဲ့စမ်းခါးကိုတင်းကျပ်စွာဖက်လာလေသည်။

Above The FateWhere stories live. Discover now