🔎💕

3.2K 196 21
                                    

" Yang Jungwon က ဒီနေ့ပါလား ။ အတွေ့အကြုံတော့ များသားပဲ "

အလုပ်အသစ်စဝင်သည့် ရုပ်သံဌာနက CEO ဖြစ်သူက ရင်းနှီးစွာပြောတော့ အတောက်ပဆုံးပြုံးရင်း တုံ့ပြန်လိုက်၏ ။ စာရွက်စာတမ်းတွေ ဟိုဟိုဒီဒီလှန်နေရင်းက Jungwon ကိုအသင့်ပေးရမယ့် project တစ်ခု ရှာကြည့်နေဟန်တူသည်။

" အရင်အလုပ်ကလည်း ကောင်းကောင်းထောက်ခံပေးထားတာဆိုတော့ အရင်ဆုံး ဒီ show အသစ်အတွက် တွဲဖက် PD တစ်ယောက်နဲ့ လုပ်ကြည့်မယ်ဆို ဘယ်လိုလဲ "

Script တွေကိုကြည့်ပြီး Reality show ဖြစ်တဲ့အတွက် အရမ်းခက်ခဲတဲ့ challenge မဟုတ်တာမို့ ခေါင်းငြိမ့်လိုက်၏ ။ အရင်က အလုပ်လုပ်တဲ့ရုပ်သံဌာနက scandal တစ်ခုကအစပြုလို့ ဒေဝါလီခံလိုက်ရပေမယ့် အသိအကျွမ်းကြောင့် တောင်ကိုရီးယားရဲ့ နံပါတ်တစ်ရုပ်သံဌာနကိုပင် ရောက်ချလာလေရဲ့ ။

အစကတော့ ဖိအားကြီးခဲ့ပေမယ့် ကုမ္ဗဏီထဲကိုဝင်လိုက်ကတည်းက ပေါ့ပေါ့ပါးပါးအလုပ်လုပ်နေကြတဲ့အငွေ့အသက်တွေကြောင့် သက်ပြင်းချမိသေးတယ် ။
CEO Park က ဝမ်းကွဲအကိုနဲ့ သူငယ်ချင်းအရင်းတွေဖြစ်နေတာ သိရင် ဟိုးကတည်းက ဒီမှာပဲ အလုပ်လျှောက်ခဲ့ပါတယ်လို့ တွေးမိသား ။

PD နှစ်ယောက်အနေနဲ့ အလုပ်လုပ်ဖူးတဲ့အတွေ့အကြုံလည်းမနည်းတာမို့ တွဲဖက်က အဆင်ပြေဖို့ပဲ စိတ်ပူစရာရှိရောပေါ့။ Jungwon ရဲ့ လုပ်သက်က Media Production နဲ့ ကျောင်းပြီးကတည်းကဆို တော်တော်ပင်ကြာလှပြီ ။

အစည်းအဝေးခန်းတွေဘက်ကို ဆွဲခေါ်သွားခံရတော့ မအူမလည်လေးပါလာတယ် ။ " ခဏနေရင် အဲ့ project အတွက် production crew က အစည်းအဝေးလာလုပ်မှာမို့ တစ်ခါတည်း မိတ်ဆက်ပေးထားမယ်လေ " တဲ့

" ဒါနဲ့ CEO nim တစ်ဖက်က PD က အဲ့လို တွဲလုပ်ရတာ မကြိုက်တဲ့သူမျိုးလား "

စိတ်ထဲထင့်တဲ့အတိုင်းမေးမိတော့ ခေါင်းခါပြရင်း တစ်ဆက်တည်းမှာပဲ ဝင်ပေါက်ကနေ လူအုပ်စုလိုက်ဝင်လာကြသည် ။ ထိုထဲမှာမှ ကောင်းကောင်းကြီးရင်းနှီးနေတဲ့ မျက်နှာတစ်ခုကတော့ Jungwon ကိုခေါင်းကိုက်သွားစေ၏ ။

ထိုကား ကျောင်းတုန်းက အနိုင်ကျင့်ခဲ့တဲ့သူလည်းမဟုတ် ၊ ပြိုင်ဘက်လည်းမဟုတ် ၊ ရန်ဖြစ်ဖူးတဲ့သူလည်းမဟုတ် ။

this could be us [ jaywon]Where stories live. Discover now