နိုးထလာသည်နဲ့ ကျယ် ပြန့်သော ရင်ခွင်ထဲသို့ ရောက်နေသည်ကို သတိထားမိသည်။
ညက အကြောင်းများ ပြန်တွေးမိရ်ျ ရှက်မိသလို ဝမ်းလည်း နည်း၏ ။ချစ်ရသူနဲ့သာဆို ပိုရင်ခုန်မိမှာ အမှန်ပငိ။"နိုးနေပီလား ယွန်းငယ်"
စဉ်းစားနေတုန်းခါးကိုပိုရ်ျဖက်လိုက်သောလက်တစ်စုံနဲ့နူးညံစွာထွက်ပေါ်လာသောအသံ
"အခုလေးတင်မှနိုးတာပါမောင်တော်"
"ညကပင်ပန်းသွားတာဆိုတော့ ဒီနေ့တော့ ထပ်အိပ်လိုက်ပါဦး ကိုယ်ကတော့ ညီလာခံသွားရဦးမယ်"
"မအိပ်တော့ပါဖူးလူကနဲနဲမသန့်တော့ ရေချိုးလိုက်ပါမယ်"
"အဲ့တာဆိုကိုယ်နဲ့အတူချိုး ကြမယ် ပီးရင်အတူ စားတော်တည် ကြတာပေါ့"
အတူရေချိုးကြမယ်ဆိုသည့်စကားကို ကြားတော့အနည်းငယ်ရှက်ပေမဲ့လည်း ရှက်တဲ့စိတ်ကိုနောက်ထားပီး လက်ခံဖို့သာ စဉ်းစားလိုက်သည်။ ရှက်နေရအောင် မိန်းခလေးလည်းမဟုတ် ကိုယ့်ချစ်ရသူလည်းမဟုတ်ပါချေ။
"မှန့်ပါ မောင်တော်"
ညကပင်ပန်းထားလို့ ငြိမ်နေတဲ့ အကောင်ပေါက်လေးကို မချီရ်ျ ရေချိုးဆောင်သို့ဝင်လာခဲ့ပီး သေချာ ဆေး ကြောပေးလိုက်သည်။ နူးညံ့တဲ့ အသားအရေလေးတွေပေါ်မှာ အမှတ်သားနီနီလေးတွေ ဟိုတစ်ကွက်ဒီတစ်ကွက် မြင်မိတော့ ပြုံးမိပါသည်။
*ဧကရီလေးက ကိုယ့်အပိုင်လေး ဖြစ်သွားပီ*
......................ချယ်ရီပွင့်လေးများ၏ရနံများသင်းနေသည့် ဥယျာဉ်တော်အတွင်း ဧကရီနဲ့ဧကရာဇ်မနက်စာစားတော်တည်နေသော ကြောင့် တိတ်ဆိတ်လျှက်ရှိသည်။
နှစ်ယောက်လုံးက အာဏာ ပြင်းပီး ထက် မြက်ကာ အရှိန်အဝါတောက်ပသော ကြောင့် နန်းတွင်းတစ်တွင်းလုံး ကြောက်ရသည်။
"ယွန်းငယ်တစ်ခုခုဆို ကိုယ့်ကို ပြောနော်
စားချင်တာ ဖြစ်ဖြစ် လိုချင်တာ ဖြစ် ဖြစ်ကိုယ့်ကိုပြောကိုယ်ရအောင်လုပ်ပေးမယ်""မှန့်ပါမောင်တော် လိုအပ်တာရှိရင် မောင်တော့်ကို ပြောပါ့မယ် တစ်ခုတော့တောင်းဆိုချင်ပါတယ်မောင်တော်"