ကိုယ်ရဲ့အိမ် [one short]

14 0 0
                                    

ကျွန်တော့်မှာအိမ်ပြန်လို့ နွေးထွေးစွာကြိုဆိုမယ့်သူမရှိဘူး ကျွန်တော့်ကိုချစ်မယ့်သူမရှိဘူး

ကျွန်တော့်မှာရှိတာဆိုလို့ ပိုက်ဆံတွေပဲရှိတယ်
ကျွန်တော့်ပိုက်ဆံကိုလိုချင်ကြတဲ့သူတွေပဲ
ကျွန်တော့်အနားရှိတယ်

လုပ်ငန်းကြီးတွေကိုဦးဆောင်လုပ်ကိုင်နိုင်ပြီး
ဘယ်လောက်ပဲကြံ့ခိုင်တယ်ပြောပြောပါ
ကျွန်တော့်ကိုနွေးထွေးစွာကြိုဆိုမယ့်ရင်ခွင်တစ်ခုကိုတော့ ကျွန်တော်လိုချင်မိတယ်. . .

ကျွန်တော့်မိဘတွေလား ကျွန်တော့်ကိုငွေတွေပုံပေးပြီး သူတို့ကတော့ သူတို့ချစ်တဲ့မိသားစုကိုယ်စီနဲ့ပျော်ရွှင်နေကြလေရဲ့ ဒါဆိုဘာလို့များကျွန်တော့်ကိုမွေးခဲ့ကြသေးလဲဗျာ အသေသာသတ်လိုက်ကြပါတော့လား ရင်ထဲကသိပ်ကိုနာကျင်ရတယ်
************************************

တီ တီ !!!!!!
ကျီ !!!
အလုပ်ကအပြန် ကားရှေ့ဖြတ်ဝင်လာတဲ့အရိပ်လေးတစ်ခုကြောင့် ကားကိုအမြန်ဘရိတ်အုပ်လိုက်ရတယ်
ကားပေါ်ကဆင်းကြည့်လိုက်တော့ စက်ဘီးမှောက်ပီးလဲနေတဲ့ကောင်လေးတစ်ယောက်

"ကောင်လေးအဆင်ပြေရဲ့လား"
"ဒူးခေါင်းပွန်းသွားပြီ နာတယ်ကိုကို"

မျက်ရည်လေးတွေဝိုင်းနေတဲ့မျက်လုံးလေးနဲ့မော့ကြည့်လာပြီး ဖြေပုံလေးက နာတယ်ကိုကိုတဲ့ ဂရုဏာသက်ဖွယ်

ဟုတ်ပါရဲ့ ဖြူနေတဲ့အသားလေးက ပွန်းပဲ့သွားတာကြောင့် သွေးလေးတွေတောင်စို့နေပြီ

"ဟုတ်ပါပြီကောင်လေးရယ် ထကြည့်နော် ကိုယ်ထူပေးမယ် "

ကောင်လေးကိုထူပေးပြီးဆေးခန်းလိုက်ပို့ရတယ်
စက်ဘီးလေးကတော့ လဲတဲ့အရှိန်နဲ့
အနည်းငယ်ပျက်စီးသွားခဲ့တယ်

ဆေးခန်းရောက်တော့လဲ ဆရာဝန်ကဆေးထည့်ပေးတော့
နာလို့ထင်ပါရဲ့ကျွန်တော့်လက်ကိုဆုပ်ကိုင်ထားတာများ တင်းတင်းကျပ်ကျပ်

တော်သေးတာပေါ့ အများကြီးမထိခိုက်ပဲ ပွန်းရုံမို့သာပေါ့ အိမ်လိပ်စာမေးပြီးပြန်ပို့တော့ လူတစ်ယောက်စာလောက်သာနေလို့ရတဲ့ အိမ်ခန်းလေးတစ်ခုသာ မနေနိုင်လို့စပ်စုမိပါရဲ့
အဆောင်နေတာတဲ့ မိဘတွေကဆုံးသွားပြီမို့ တစ်ယောက်တည်းစားဝတ်နေရေးအတွက်ရုန်းကန်နေပြီး အဆောင်မှာငှားနေတာတဲ့
သနားစရာကောင်းပါဘိကောင်လေးရယ်

ကိုယ့်ရဲ့အိမ်Where stories live. Discover now