နောက်နေ့မနက်ရောက်တော့ ရှောင်းကျန့်တစ်ယောက် စောစောနိုးလာသည်။ခါတိုင်းလဲ သူစောစောနိုးပေမယ့် ဒီတစ်ခါကတော့ ဟိုကောင်လေးကြောင့်လေ။မနက်စာကိုသူပြင်ရဦးမယ်။ခါတိုင်းသူက ကော်ဖီတစ်ခွက်ဘဲ သောက်တယ်ဆိုပေမယ့် ခုက သူတစ်ယောက်တည်းမဟုတ်ဘူးလေ။ဟိုကောင်လေးပါရှိနေတော့ ဖွယ်ဖွယ်ရာရာပြင်ရမှာပဲ။နောက်မှဘာကြိုက်တတ်လဲ မေးထားရမယ်။
သူတွေးပြီး နာရီကြည့်လိုက်တော့ ၆နာရီခွဲနေပြီ။သူလဲ အိပ်ယာကထပြီး
မနက်စာပြင်ဖို့ထွက်လာခဲ့သည်။သူလဲ ပေါင်မုန့်ရှိတာနဲ့ ပေါင်မုန့်ကို ကြက်ဥနဲ့ကြော်လိုက်သည်။ပြီးတော့ ကြက်ဥချောင်းကိုပါတစ်ခါတည်း ကြော်လိုက်သည်။နောက်တော့ သူကော်ဖီဖျော်ဖို့ အဆင်သင့်လုပ်နေတုန်း အသံကြားလို့ လှည့်ကြည့်လိုက်တော့
"ရိပေါ်"
"ဟင် ဦးငယ်လေး"
"အစောကြီးနိုးနေတာလား ခုပဲ ကိုယ်လာနှိုးတော့မလို့ပဲ""အာ ဟုတ် သားသိပ်ပြီးအိပ်မပျော်လို့"
"အိပ်ယာပြောင်းလို့နေမှာပါ ကိုယ်ရေသွားချိုးလိုက်ဦးမယ်နော် ခဏ"
"ဟုတ်"
၀မ်ရိပေါ်လဲ ဦးငယ်လေးထွက်သွားတာနဲ့ စားပွဲမှာထိုင်ပြီး မှောရ်နေလိုက်သည်။သူညက အိပ်လို့မပျော်ဘူး။မနက်မိုးလင်းမှမှေးကနဲ အိပ်ပျော်သွားပေမယ့် ပြန်နိုးလာသည်။သူလဲ ဆက်မအိပ်ချင်တော့တာနဲ့
မီးဖိုချောင်ထဲ ၀င်လာတော့ ဦးငယ်လေးနဲ့တွေ့တော့တာပဲ။ရှောင်းကျန့်လဲ ရေမိုးချိုး အ၀တ်စားလဲပြီး အောက်ကိုဆင်းလာတော့ ထမင်းစားခန်းထဲမှာ ရိပေါ်က မှောက်အိပ်နေသည်။သူလဲ အနားသွားပြီး
"ရိပေါ်"
"ဗျာ ဦးငယ်လေး"
၀မ်ရိပေါ်က ခေါင်းထောင်ကြည့်လာသည်။ရှောင်းကျန့်လဲ ၀မ်ရိပေါ်ဘေး၀င်ထိုင်ရင်း
"နေမကောင်းဘူးလား"
"ကောင်းပါတယ် ဦးငယ်လေးရဲ့"
"အင်းပါ ကဲ စားလေ မင်းဘာကြိုက်တတ်မှန်းမသိလို့"