ဟိုးရှေးရှေးတုန်းက...
"မကြိုက်ဘူး ပြန်ပြင်ပြောစမ်း..."
တစ်ခါတုန်းက...
"တောက်...! ဘယ်လိုတွေပြောနေတာလဲ..."
ဟိုးရှေးရှေးတုန်းကလည်း မဟုတ် ၊ တစ်ခါတုန်းကလည်း မဟုတ်တဲ့ အချိန်ကာလ၌...
"အဆင်ပြေရဲ့လား..."
"ကောင်းတယ် ဆက်ပြော..."
____________ ___________ဟိုးရှေးရှေးတုန်းကလည်း မဟုတ် ၊ တစ်ခါတုန်းကလည်း မဟုတ်တဲ့ အချိန်ကာလ၌ ချုံချင်းဆိုတဲ့ ရွာမှာ ဇတ်ဇတ်ကြဲ လူမိုက်ကြီး ငကျန့် ဆိုတဲ့ လူတစ်ယောက်ရှိသတဲ့။
တစ်ရွာလုံး ဖိတ်ဖိတ်တုန်အောင် ကြောက်ရတဲ့ ငကျန့်ဟာ တစ်ဦးတည်းသော သား။ သူ့အမေက မုဆိုးမ။ အဖေဖြစ်သူက သူငယ်ငယ်လေးကတည်းက လယ်ထဲမှာ ပိုးထိပြီးဆုံးသွားခဲ့၏။ မုဆိုးမအမေကြီးနဲ့ပဲ ကျန်ခဲ့တဲ့ ငကျန့်ဟာ အမေအပေါ် သိတတ်ပြီး လိမ္မာလိမ့်မယ်လို့ မထင်ထားနဲ့။
တစ်နေကုန် ရွာရိုးကိုးပေါက် လျှောက်သွားပြီး တွေ့သမျှ လူအနိုင်ကျင့်၊ ဟိုလူ့ဖြဲခြောက် ဒီလူ့ဖြဲခြောက် လုပ်ပြီး အချိန်တန် ဗိုက်ဆာရင် ကြိုက်တဲ့အိမ်ပေါ် တက်စားတတ်သေး၏။ တပည့်တပန်းတွေကလည်း မနည်းမနော။ ငကျန့်လာရင် အနားကို ဝိုင်းပြီး နှိပ်ပေးကြတဲ့ လူတွေနဲ့။ ယပ်ခပ် ၊ ချွေးသုတ်ပေးကြတဲ့ လူတွေနဲ့ တစ်ပုံတစ်ပင်။
ငကျန့်၏ တပည့်များထဲတွင် သူကြီးသားတောင် အဆစ်ပါလိုက်သေး။ သူကြီးသားဆိုတဲ့ သူက ငကျန့်ကို ငယ်ကြောက်။ သူကြီးက သားဖြစ်သူကို အင်္ကျီအသစ်ဝယ်ပေးရင် သူကြီးသားက ငကျန့်ကို အရင်သွားဆက်သသည်။ ဘောင်းဘီအသစ်ဝယ်ပေးရင်လည်း ထိုနည်းလည်းကောင်းပဲ။ အခုတောင် ငကျန့်ဟာ သူကြီးသားဆက်သထားတဲ့ ဂျင်းဘောင်းဘီ ကြီးတကားကားနဲ့။
ကိုယ်လုံးကိုယ်ထည်က ကွာတော့ ဂျင်းဘောင်းဘီက ငကျန့်နဲ့ ချောင်နေသည့်အခါ ဖြတ်လျှောက်သွားတဲ့ ကလေးတစ်ယောက်ကို နားရင်းအုပ်ပြီး...
"ဟိုကလေး..."
ကလေးက ငကျန့်ရှေ့ရောက်တော့ အထစ်ထစ်အငေါ့ငေါ့နဲ့...
YOU ARE READING
ချုံချင်းလူမိုက်ကြီး
Fanfictionမြန်မာမှုပြုထားသည့် mini ဖြစ်ပါသည်။ ကြိုပြောထားပါမယ်။ ပေါက်တတ်ကရတွေပါ ။ ဖတ်လိုက်ပြီးမှ... အချိန်ဖြုန်းမိတယ်လို့ မပြောပါနဲ့ ။ 😛 မည်သည့် platform မှာမှ share ခြင်းမပြုရ။ Cover Photo Crd: