Part 3

1.6K 243 8
                                    

Unicode

လော့ယန်မြို့၏ ဈေးလမ်းကား ကြက်ပျံမကျစည်ကားလှသည်။ ဈေးသည်များ၏ တစာစာအော်ဟစ်ရောင်းချသံများ၊လမ်းဘေးပြဇာတ်သမားများ၏ တီးမှုတ်ကခုန်သံများနှင့် ဆူညံကာ ပျော်ပွဲရွှင်ပွဲကျင်းပနေသည့်အလားပင်။

ရှောင်းကျန့် ဝူချန်ကျောင်းတော်မှ အားလပ်ရက်ရသည့်အခါတိုင်း ထိုဈေးလမ်းမကြီးရှိ ပေါင်ကွိန့်(宝贵) စာအုပ်ဆိုင်တွင် ရုပ်ပြစာအုပ်များရေးဆွဲသည့် အလုပ်လုပ်လေ့ရှိသည်။ စာအုပ်ဆိုင်ပိုင်ရှင်က လခများများမပေးနိုင်သော်ငြား တစ်ကိုယ်တည်းသမားဖြစ်သည့်ရှောင်းကျန့်အဖို့တော့ လုံလောက်သည်ထက်ပိုသည်။ ဝူချန်ကျောင်းတော်ကြီးရှိနေသရွေ့နေစားရိတ်၊စားစရိတ်ပူပင်စရာမလိုသည်မို့ စာအုပ်ဆိုင်မှ လစာကို သူသဘောကျသည့် စာအုပ်များနှင့် ဈေးလမ်းမကြီးမှ အရသာရှိသည့် အစားအသောက်များဝယ်ရန်အတွက်သာ သုံးလေ့ရှိသည်။

"ရှောင်းကလေးလေး.....လာဦး...အားရီမင်းအတွက် ပေါက်စီတစ်လုံးချန်ထားတယ်"

ရှောင်းကျန့်တစ်ယောက် စာအုပ်ဆိုင်ရှိရာသို့ အစားအသောက်ဆိုင်တန်းများရှေ့မှ ဖြတ်သွားရင်း ပေါက်စီဆိုင်ပိုင်ရှင် အဒေါ်ကြီးက လှမ်းခေါ်လေသည်။ ရှောင်းကျန့် အငွေ့တစ်ထောင်းထောင်းထနေသည့် ပေါက်စီဖြူဖွေးဖွေးကို လက်နှစ်ဖက်နှင့် တရိုတသေလှမ်းယူလိုက်ပြီး အဒေါ်ကြီးအားကျေးဇူးတင်စကားဆိုလိုက်သည်။

"အားရီ....ကျေးဇူးတင်ပါတယ် ကောင်းကောင်းစားပါမယ်ဗျ"

"ကျေးဇူးတင်ဖို့မလိုပါဘူးကွယ်....ရှောင်းကလေးလေးကြောင့် အားရီက စာဖတ်တတ်တာ ရှောင်းကလေးလေးကို အားရီကသာ ကျေးဇူးတင်ရမှာပါကွယ်"

"ဟီး.....ဟုတ်ကဲ့ပါ....အားရီ ခိုင်းစရာရှိရင် ကျွန်တော့်ကို ခေါ်နော်"

"အေးကွယ်...."

"အားရီ....ကျွန်‌တော်သွားလိုက်ဦးမယ်ဗျ"

ရှောင်းကျန့် အဒေါ်ကြီးကို လက်ပြနှုတ်ဆက်လိုက်ပြီး လက်ထဲမှ ပေါက်စီဖွေးဖွေးကို တစ်ကိုက်ကိုက်ချလိုက်သည်။

"အွန်း....အရသာရှိလိုက်တာ"

ပေါက်စီအသားက နူးညံ့ပြီး အရသာက စွဲမက်ဖို့ကောင်းတယ်။ ဝမ်သခင်လေးမှာလဲ ပေါက်စီနဲ့တူတဲ့ ပါးဖောင်းလေးတွေရှိတယ်။ သူ့သခင်လေးက ဒီဖြူဖြူဖွေးဖွေးပေါက်စီလေးလိုပဲ စွဲမက်ဖို့ကောင်းတယ်။ အရသာရှိတဲ့ ပေါက်စီလေးတွေက ပိုက်ဆံသာရှိရင် ကြိုက်သလောက်ဝယ်စားလို့ရပေမဲ့ သူ့သခင်လေးကိုကျ ပိုက်ဆံရှိတိုင်းဝယ်စားလို့မရဘူး။ ဒီလိုတွေးမိပြန်တော့ ရှောင်းကျန့် နှုတ်ခမ်းလေးဆူသွားတယ်။ နောက်တော့ လက်ထဲက ပေါက်စီလုံးကိုပဲ သခင်လေးရဲ့ပါးအမှတ်နဲ့ အားရပါးရ ကိုက်ဆွဲလိုက်တော့တယ်။
.................................

Rúyǎ Fēngdù 儒雅风度Where stories live. Discover now