𝐎𝐮𝐫 𝐒𝐚𝐧𝐭𝐨𝐫𝐢𝐧𝐢

1.2K 109 3
                                    

Take me home, I'm fallin'
Love me long, I'm rollin'
Losing control, my body and soul
Mine too for sure, I'm already yours

-

to the bone
by pamungkas

•••

တိတ်ဆိတ်နေသော
ကောင်းကင်ယံထက်
ကြယ်များနှင့်လမင်းကြီးက
တည်ရှိနေသည်။
အစွမ်းကုန်ထွန်းလင်းနေသော
လသာသာကြောင့် မှောင်မည်းနေသောလမ်းသွယ်သွယ်ကို
လက်နှိပ်ဓာတ်မီးမပါပဲ
ကောင်း"မြင်ရသည်။
လေအေးတစ်ချက်ဝေ့တော့
အနွေးအထည်မပါတဲ့မိမိအဖို့
ချမ်းလွန်းလှသည်။
ခြေလှမ်းတွေကို
ခပ်သွက်သွက်လျှောက်ကာ
အိမ်အမြန်ပြန်ရောက်ဖို့သာ
စိတ်လောနေသည်။

အဖြူရောင်တိုက်အိမ်တွေကြားက
အဖြူရောင်လူသားငယ်ဟာ
ချမ်းလွန်း၍နှာခေါင်းမြင့်မြင့်တို့က
အနီရောင်ဖြစ်နေချေပြီ။
ပါးစပ်မှတစ်ချက်လေပူကို
မှုတ်ထုတ်လိုက်တော့
အေးချမ်းသောရာသီဥတုကြောင့်
အာငွေ့ထွက်လာသည်။
လက်တစ်ဖက်ကထီးအကြည်ရောင်
တစ်ချောင်းနှင့်ကျန်လက်တစ်ဖက်က
နွားနိူ့ဘူးငယ်များထည့်ထားသည့်
ကြွပ်"အိတ် အားကိုင်ထားသည်။

အိမ်ကမထွက်ခင်မိုးရွှာနေသည်လေ
ထို့ကြောင့်ထီးလေးတစ်ချောင်းကို
ဆောင်ထားလိုက်တယ်။
ဘယ်သူကထင်မှာလည်း
နွေရာသီခေါင်ခေါင်ကြီးမှာ
မိုးရွှာပြီးအခုလိုရှုပ်တရက်
အေးသွားလိမ့်မယ်လို့။

" ဒီလောက်အေးနေတာကို
အနွေးအထည်မပါဘူးလားကောင်လေး "

အနောက်မှရုတ်တရက်ထွက်လာတဲ့
အသံတစ်ခုကြောင့်
တစ်ချက်တုန်မိသည်။
တစ်စိမ်းတစ်ယောက်က
မေးရလောက်အောင်ထိ
မိမိသည်တကယ်ပင်ညအိပ်ဝတ်စုံ
ပါးပါးလေးနှင့်သာ။
အနောက်ကိုလှည့်ကြည့်လိုက်မိတယ်။
မိမိထက်အရပ်အနည်းငယ်ရှည်သော
လူတစ်ယောက် ။
မိမိကိုမိမိအရပ်ရှည်လှပြီမှတ်တာ
ဒီလူကမိမိထက်အရပ်ပိုရှည်နေတာပဲ။
လမ်းမီးတွေမထွန်းထားပဲ လမင်းကြီး၏အလင်းရောင်ကိုသာ
အမှီပြုထားသောကြောင့်
ထိုလူ၏ မျက်နှာအား
သေချာမမြင်ရပါ။

" အိမ်ကနေထွက်လာတဲ့ချိန်က
မအေးတာမို့လို့အနွေးထည်မပါခဲ့ဘူး
မေးပေးလို့ကျေးဇူးတင်ပါတယ်
သွားလိုက်အုံးမယ်ဗျ "

𝙎𝘼𝙉𝙏𝙊𝙍𝙄𝙉𝙄Where stories live. Discover now