(U)
Ep(41) Highlight~
သူ့ရဲ့အချစ်ဦးကောင်လေးအတွက် သူက တကယ်ကြီးအဆုံးစွန်ထိ ပေးဆပ်သွားမှာ။✰♪✰♪✰♪
တစေက ရေဆော့နေရင်း အလင်္ကာ့ကိုယ်လုံးလေးကို အခွင့်ကောင်းယူဖို့ကြံစည်နေသည်။ ဒါပေမယ့် အနောက်မှာ ထိုင်နေတဲ့ အပျိုကြီးသုံးယောက်က အခုထိ မထဘဲ ထိုင်နေကြတုန်း။
တစေ ခေါင်းတွေနောက်ပြီး ငိုချင်စိတ်တောင် ဖြစ်သွားသည်။
သင်္ကြန်မှာ ကိုယ့်ချစ်သူနဲ့ ရေဆော့တယ်ဆိုမှတော့
ရေလောင်းရုံနဲ့ပဲ ပြီးပါ့မလား။
ဖက်တာ၊ ပွေ့တာကအစ နောက်ဆုံးနမ်းတဲ့အထိပါ လုပ်သင့်ရင်လုပ်ရမှာလေ။
ဟိုအပျိုကြီးနှစ်ယောက်က ထားပါတော့။
ကောင်မလေးရှိတဲ့ ဆရာမဒေါ်စန္ဒာကတော့ ကိုယ်ချင်းစာပေးရမယ်မလား။အနောက်ကို လှည့်ကြည့်လှည့်ကြည့်နဲ့ ရေကို စိတ်မဖြောင့်ဆော့နေတဲ့ တစေကို ကြည့်ရင်း စန္ဒာတစ်ယောက်တည်း အူတက်နေမိသည်။
သူက အဲ့စောက်ကလေးရဲ့ ခေါင်းထဲကအတွေးတွေကို မသိဘဲ နေပါ့မလား။
ဒါပေမယ့် အခုမှ အကြိုနေ့ရှိသေးတယ်လေ။
သူတို့က လွယ်လွယ်နဲ့ ခွင့်ပြုပေးလို့ရမလား။နေ့လည်ဘက် ထမင်းစားချိန်ရောက်တော့ မိငယ်က သူယူလာတဲ့အဝတ်အစားတွေကို လဲပြီး အလင်္ကာရဲ့အိမ်မှာပဲ နေဖို့စီစဥ်ထားသည်။
တုံတုံကျတော့ လဲစရာအဝတ်အစားက မပါဘူး။
စန္ဒာက သူ့အင်္ကျီပေးဝတ်မယ်ဆိုတော့လည်း လက်မခံချင်။
အိမ်ပြန်ဖို့ကိုသာ အတင်းစီစဥ်နေတော့သည်။
ပြန်ဖို့ကလည်း သူစီးလာတဲ့ကားက မိငယ်အိမ်ကကားမို့
အိမ်ပြန်မယ်ဆို သူ့မိဘတွေကို လာကြိုဖို့ ဖုန်းဆက်ခေါ်မှရမည်။
တုံတုံ ဖုန်းခေါ်ဖို့ ပြင်နေတုန်း ကင်းက သူလိုက်ပို့မယ်ဆိုပြီး ရုတ်တရက်ထပြောလိုက်၏။
တုံတုံလက်မခံချင်ပါ....။ သူက ကင်းရဲ့ဆိုင်ကယ်အနောက်ကနေ ဘယ်လိုမျက်နှာနဲ့ လိုက်စီးရမှာလဲ။
"ရပါတယ် ငါအိမ်ကိုပဲ ဖုန်းဆက်ခေါ်လိုက်ပါမယ် နင်လိုက်မပို့...."တုံတုံ့စကားမဆုံးသေးဘူး။ ကင်းက သူ့ရဲ့အပေါ်ထပ်ကို ချွတ်ကာ တုံတုံရဲ့ပုခုံးပေါ် လွှမ်းခြုံပေးလိုက်သည်။
"ဘာမှလျှောက်တွေးမနေနဲ့ ငါလိုက်ပို့ပေးနိုင်တယ်"
အရှေ့ကနေ ဦးဆောင်ထွက်သွားတဲ့ ကင်းကိုကြည့်ရင်း တုံတုံ ဘာမှပြန်မပြောနိုင်ဘဲ လိုက်သွားရတော့သည်။
ဆိုင်ကယ်ပေါ်တက်ခါနီး ကင်းက တုံတုံ့ကို ဦးထုပ်ဆောင်းပေးဖို့ ပြင်လိုက်သည်။
တုံတုံက လက်မခံဘဲ ခေါင်းကို အနောက်သို့ဆုပ်ကာ ကိုယ့်ဟာကိုယ်ဆောင်းပစ်လိုက်သည်။
အဲ့နောက် ကင်းရဲ့အနောက်ကနေ ခွထိုင်တော့လည်း ကင်းရဲ့ကိုယ်လုံးနဲ့ အတော်လေးခွာထားကာ ကင်းကို မကိုင်ဘဲ ထိုင်ခုံရဲ့အနောက်က မီရာတန်းကိုသာ ဆုပ်ကိုင်ထားလိုက်သည်။
နောက်ကြည့်မှန်ကနေ ကင်းတစ်ချက်ကြည့်ရင်း ပြောလိုက်သည်။
"အဲ့လို ထိုင်တာ အန္ဒရာယ်များတယ်"