အမည်မရှိခေါင်းစဉ်

482 43 8
                                    

[Unicode]
ဒီနေ့က မောင်နဲ့ငါ့ရဲ့ မင်္ဂလာသက်တမ်း နှစ်နှစ်ပြည့် ခါတိုင်းလိုဘဲ သူ့ရဲ့အလုပ်တွေနဲ့ ရှုပ်နေတယ်ထင်ပါ့
စာပို့ထားတာတောင် စာမပြန်လေရော့
'ကျွီ' အိမ်ရှေ့မှာ မောင့်ရဲ့ကားသံ ကြားပြီ
အပြင်ကိုထွက်ပြီး ကြိုတော့ မောင့်ဘေးမှာ ကောင်မလေးခပ်ချောချောလေး တစ်ယောက်ပါ အိမ်ကို‌ခေါ်လာတော့
"မောင် ဒီကညီမက ဘယ်သူလဲဟင်"
ကိုယ့်ဘက်ကဘဲ မနေနိုင်စွာ စကားစမိတာ ‌
ဪ ဒါနဲ့ မောင်လို့သာ မြတ်နိုးစွာခေါ်တာ မောင်က ငါ့ထက် ငါးနှစ်တောင်ကြီးတာ
"မင်းသိချင်ရင် ပြောပြမယ် သူက ငါ့ရဲ့ ကျောင်းနေဖက် သူငယ်ချင်း ဒါဘဲမလား"
'ဪ သူငယ်ချင်းတွေက တစ်ပတ်ကို တစ်ယောက်လား မောင်'လို့မေးချင်ပေမယ့် အခြေအနေကို သိတာမို့ စကားလုံးတွေကို မြိုသိပ်မိတယ် 'ငါက မောင့်အတွက် ပြည့်ဝအောင်မှ မဖြည့်ဆည်းပေးနိုင်တာ'လို့ အတွေးလေးဝင်လာရဲ့
"ဒါနဲ့ မောင် ဒီနေ့က ကိုယ်တို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့နော် မောင်မေ့နေမှာစိုးလို့ ပြောပြတာပါ"
"ဟုတ်လား ဆောရီးကွာ ငါနောက်နေ့မှ လက်ဆောင်ဝယ်ပေးတော့မယ် ရပြီလား ငါသွားနားတော့မယ်"
"ဪ ဒါနဲ့ မင်းဒီည ဘေးအခန်းမှာအိပ်လိုက် မမြင်ချင်တာတွေကို မမြင်ရအောင်လို့"
မောင့်ရဲ့စကားတွေက ဓါးသွားတွေလိုဘဲ ရင်‌ကို မွှန်းပစ်တာ ဒါမယ့် ငါပျော်ပါတယ် မောင် မင်းရဲ့သဘောအတိုင်းပါ ဘာလို့ဆို ငါကဘဲ မောင့်ကိုချစ်တာလေ မောင်က အဟင်း...

~~~~~~~~~~~~~~~~

"မောင် မနက်စာ စားသွားပါအုံးလား"
"ငါချိန်းထားတာရှိလို့ မစားတော့ဘူး မင်းဟာမင်းသာ ဝအောင်စားပါ"
ဒီလိုနဲ့ ငါပြင်ထားတဲ့ မောင့်အတွက် မနက်စာက ခါတိုင်းလို အမှိုက်ဖြစ်ပြန်ပြီ
မောင့်အတွက် ဖျော်ပေးထားတဲ့ ကော်ဖီလည်း အေးစက်သွားပြန်ပြီပေါ့
သို့ပေမယ့် ငါတို့နှစ်ယောက်ကြား ဆက်ဆံရေးလောက် မအေးစက်ပါဘူး အရင်ကလည်း နွေးထွေးမှုမှမရှိခဲ့တာ

~~~~~~~~~~~~~~~~~~~~

ဒီနေ့က မောင့်ရဲ့မွေးနေ့ ဒါပေမယ့် မောင့်အစား ငါက ပျော်နေသလိုဘဲ မောင့်မွေးနေ့မှာ ကုသိုလ်‌ရအောင် ဘုရားသွားမယ်ပေါ့ ဒါ့ကြောင့် ငါက ရေချိုးပြီး ပုဆိုးနဲ့လက်ရှည်လဲပြီး အိမ်အောက်ကို ဆင်းလာတော့ မောင်ကလည်း ပုဆိုးနဲ့အကျီလက်ရှည်ကို ဝတ်ထားတာ ငါ့ရဲ့မောင်က သိပ်ခန့်တာ မောင်က ငါနဲ့ဘုရားသွားမို့ ထင်ပါရဲ့ ငါ့ရဲ့အတွေးနဲ့တင် တော်တော်ပျော်နေပြီ ‌ငါနဲ့မောင်က မတန်ဘူးလို့တောင် ထင်မိတယ်
"မောင် ပျော်ရွှင်စရာမွေးနေ့ပါ ဘုရားက ပြန်လာမှ လမ်းမှာ လက်ဆောင် ဝင်ဝယ်ပေးမယ်နော် အခု သွားကြတော့မလားဟင်"
"မင်း ဘာတွေလာယောင်နေတာလဲ အေးဆေးနေစမ်းပါ ငါက ဘာလို့ မင်းနဲ့ ဘုရားသွားရမှာလဲ စိတ်ကူးယဉ်မနေနဲ့ ငါ့ဘာသာငါသွားမယ် သွားစမ်းပါ" ဆိုပြီး ငါ့ကို တိုက်ဖယ်ကာ ထွက်သွားတဲ့မောင်
"ကျစ် ဒီစိတ်ပျက်စရာ မျက်ရည်တွေက ကျလာပြန်ပြီ"
မျက်ရည်တွေကို ခပ်ကြမ်းကြမ်းလေး ဖိသုတ်လိုက်ကာ အိမ်က ထွက်လာလိုက်တယ်

အမည်မရှိခေါင်းစဉ်(ONE SHOT)Where stories live. Discover now