"ကိုယ်တို့ကစောရောက်နေတာထင်တယ်၊ bae ရဲ့နားရက်မှာ ဆေးရုံနားက ဆိုင်မှာလာတွေ့ရတာတော့ နည်းနည်းကသိကအောက် ဖြစ်တယ်မလား bae"
"မဖြစ်ပါဘူး၊ တွေ့ဖို့ချိန်းတိုင်း လွဲလွဲနေတဲ့ လူတွေနဲ့ တကယ်ကြီး တွေ့ရတော့မှာဘဲ၊ ဘယ်ငှါနက ဘယ် professors တွေရောက်ချလာမလဲလို့ဘဲ တွေးနေတာ၊အချစ်က ဘယ်သူဘယ်ဝါမှန်း သေချာမပြောထားလို့လေ"
ဟုတ်ပ အရင်တစ်ခေါက်တွေ့မယ်ချိန်းတုန်းကလဲ အဲ့ကောင်တွေက အရေးပေါ်ခွဲခန်းဝင်စရာပေါ်လာလို့ဆိုပြီး မတွေ့ဖြစ်။ ဒီကြားထဲ ကိုယ်လဲ ပြခန်းကိစ္စတွေနဲ့ အလုပ်တွေရှုပ်နေတာရယ်။ bae internship ဆင်းရတဲ့ ၂ လမကုန်ခင် တွေ့ဖြစ်လို့တော့ တော်သေးတာပေါ့။
"ဒီနေ့လာတွေ့မှာက professors တွေအနေနဲ့ မဟုတ်ဘူးလေ၊ ကိုယ့်သူငယ်ချင်းအနေနဲ့ လာတွေ့မှာ၊ သူငယ်ချင်းရဲ့ ရည်းစားအချောလေးကို လာတွေ့ကြတာ"
"bae နဲ့ သူတို့နဲ့မှာ ဘယ်သူပိုချောတုန်း"
"အံ"
"ဘာ အံလဲ bae က အချစ်ရဲ့ သူငယ်ချင်းတွေထက် ပိုချောလားလို့ မေးတာလေ၊ ဘာလဲ မချောဘူးလား?"
အယ် bae ကကိုယ့်သူငယ်ချင်းတွေကို မိန်းခလေးတွေလို့ထင်နေတာထင်တယ်။
"အဲ့လို မဟုတ်ပါဘူး.. ဟောဟိုကောင်တွေလာပြီ ဟိုမှာ"
"အချစ်?"
bae က Juhwan တို့ ဝင်လာတာမြင်ပြီး အံ့ဩနေတဲ့ ပုံစံနဲ့ ကိိုယ့်ကိုကြည့်နေပါတယ်။ Jennie Kim တော့မျက်ခုံးတွေလှုပ်နေပါပြီ။
"ငါတို့နောက်ကျတာတော့ မဟုတ်ဘူးမလား"
Juhwan က အမေးစကားနဲ့ စကားဝိုင်းကို စလိုက်ပါတယ်။
"အေး မကျပါဘူး၊ ငါတို့ဘဲ နည်းနည်းစောနေတာ၊ ဒီကအပြန်သွားစရာလဲ ရှိသေးလို့၊ ရုပ်ရှင်သွားကြည့်မှာ၊ အဲ့ဒါကြောင့် နောက်မကျအောင် စောထွက်လာလိုက်တာ"
"ဟုတ်ပါပြီ ငါတို့ကိုဆို အချိန်မပေးနဲ့ နင်က"
"အချိန်ပေးရအောင် ငါ့ရည်းစားမှ မဟုတ်တာနင်က"
"နင့်ရည်းစားလဲ မလုပ်ချင်ပါဘူး ငါတို့က၊ ဒီကောင်ကလွဲလို့ပေါ့"
VOCÊ ESTÁ LENDO
Lost in translation
ContoMay be the thing was a masterpiece till you tore it all up