အပိုင်း(၁)

1K 74 9
                                    

နွေရာသီ။

တစ်ခါတစ်လေ ညနေပိုင်းကောင်းကင်အရောင်မှာ အပြာ‌နုရောင်နဲ့ပန်းရောင် ရောယှက်ထားကာ တစ်မူဆန်းသစ်တဲ့အရောင်လေးဖြစ်သွားတဲ့အချိန်မျိုး ရှိတတ်သည်။ထိုအချိန်မျိုးဆို ဘာလာလာ ရိုက်မယ်ဆိုသော တစ်ချို့လူငယ်များသည် အိတ်ထဲရှိ ဖုန်းလေးကို အသည်းအသန်ထုတ်ကာ ထိုအခိုက်ကို မှတ်တမ်းတင်တတ်ကြ၏။အလွန်တရာလှပသော အခိုက်အတန့်လေးကို အမြဲသိမ်းဆည်းထားချင်တဲ့အတွက်ကြောင့်ပေါ့။

သို့ပေမယ့် ဒီမိုဗစ်ကတော့ ထိုသို့ အပြာနုရောင်နဲ့ပန်းရောင် ရောယှက်‌ထားတဲ့တစ်မူဆန်းသစ်တဲ့ အရောင်လေးကို တွေ့တာတောင် မသိဟန်ဆောင်ပြီး မုန့်ဆိုင်ထဲကို ဝင်သွားလေသည်။

မှန်ပါသည်။ဆိုင်ထဲကို ဝင်သွားရတဲ့အကြောင်းရင်းကတော့ စားဖို့ပါပဲ။ရှိသမျှ မုန့်ထုပ် အကုန်သိမ်းကြုံးမ,ကာ ဗိုက်ထဲ ထည့်ဖို့ပါပဲ။

ချမ်းအေးလွန်းတဲ့ ဆောင်းရာသီမှာ လူတွေဟာ နှစ်သစ်ကိုကြိုဆိုဖို့ရန်နှင့် ခရစ်စမတ်ကို ဆင်နွှဲဖို့ စိတ်လှုပ်ရှားနေကြသည်။ဒီမိုဗစ်လည်း ထိုနည်း၎င်းပင်။တစ်နှစ်မှတစ်ခါပဲ ရောက်လာတာမဟုတ်ပါလား။

ဆောင်းရာသီဆို ပြောင်းဖူးပြုတ်ပူပူလေးနဲ့ မြေပဲပြုတ်ပူပူလေးတွေက မလိုချင်မှအဆုံး။လမ်းမထက်မှာ ဈေးသည်တိုင်းလိုလိုရောင်းကြ၏။ထိုမုန့်နှစ်မျိုးကို စားရင်း အခန်းထဲမှာ စောင်‌ထဲခွေနေရတာကို ဒီမိုဗစ်တို့ အလွန်သဘောကျသည်။

တစ်ခါတစ်လေ စောင်ခေါင်းမြီးခြုံပြီး ဇာတ်ကားကြည့်ရတာကိုလည်း နှစ်ခြိုက်သည်။ဆောင်းတွင်းဆို စောင်ထဲကနေ ဒီမိုဗစ်တို့ ကလော်ထုတ်တာတောင် ထွက်မလာတော့။စောင်သည်သာ ဘဝ၊စောင်သည်သာ အသက်၊စောင်သည်သာ လက်တွဲဖော်ဟု ခံယူထားသည်။

တခြားသူတွေထက် စားသောက်ရတာ ပျော်မွေ့တဲ့ ဒီမိုဗစ်လေးဟာ မမွေးခင် အိမ်မက်ပေးတာတောင် အစားအသောက်ကိုပဲ ပေးပါသတဲ့။

ဒီမိုဗစ်၏အမေသည် တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ မစားဖူးသော ချောကလက်၊သကြားလုံး၊ကိတ်မုန့်၊လောကကြီးမှာရှိတဲ့ ချိုသောအရာမှန်သမျှကို တနင့်တပိုးစားနေ‌သည့် အိမ်မက်ကို မြင်မက်ပြီး ဒီမိုဗစ်လေးကို ရခဲ့ခြင်းဖြစ်သည်။

You've reached the end of published parts.

⏰ Last updated: Apr 21 ⏰

Add this story to your Library to get notified about new parts!

ဒီမိုဗစ်(pig)တို့မာယာ သဲ ဆယ့်နှစ်ဖြာWhere stories live. Discover now