" ကဲ ! ငါတို့ နိုဂျယ် ... ပင်ပန်းနေပြီမလား ဒါကိုသောက်လိုက် ပင်ပန်းတဲ့သူတွေအတွက် ကော်ဖီက အကောင်းဆုံးပဲမလား ? ဒါကိုသောက်လိုက် !~ "
စကားတစ်ပြောပြောနဲ့ပင် သူ့ကို ဂရုစိုက်ပေးတတ်သည့် studio က စီနီယာ ဂျို ပင် .... တော်တော်များများက စီနီယာ့ကို သဘောကျပေမဲ့ သဘောမကျနိုင်သူမှာ သူကိုယ်တိုင်ပင် ၊ ဂရုစိုက်ခံရတာကို သဘောကျပင်မဲ့ ထိုလူ့ဆီက ဂရုစိုက်မှုကိုတော့ လက်ခံရမှာ ကသိကအောက်ပင်ဖြစ်မိသည် ။
" nae သိပါပြီ အခု အလုပ်လေးနည်းနည်းရှိလို့လေ တစ်ချက် ... "
" အာ ..ဟုတ်တာပေါ့ တောင်းပန်ပါတယ် နိုဂျယ်ရားး "
" ဒါဆို သွားပြီနော် "
အမှန်တော့ အလုပ်တွေကတောင်လိုပုံနေသည်မှာ သုံးရက်လောက်ရှိပြီ ။ ထိုလူနဲ့ မျက်နှာချင်းဆိုင်နေရမှာ ကြောက်၍သာ အပြင်ကို ထွက်လာခဲ့ခြင်းသာ ... ပုံမှန်လိုပင် သူ့ကိုရှောင်နေကျ Sandwich ဆိုင်သို့ ထွက်လာမိသည် ။ စားနေကျ Sandwich လေးကတော့ မရှောင်ချင်လောက်အောင် စားကောင်းသည့် Chicken Sandwich ပင် ...
" Cola တစ်ခွက် .. ပြီးတော့ Chicken Sandwich တစ်ခု .. "
" Chicken Sandwich 2 ခု ! Milo တစ်ခွက်ရယ် Cola တစ်ခွက်ရယ် ~ ပေးပါ "
" Sandwich က နှစ်ခုပဲရပါတော့မယ်ဗျ ။ ဒီနေ့က အလုပ်ဖွင့်ရက်ဆိုတော့ ၊ "
ရုတ်တရက်ပင် ဘေးကတစ်ယောက်ကို လှမ်းကြည့်မိသည် ။ ဘေးကတစ်ယောက်လည်း အလားတူပင် ... အလျှော့ပေးမယ်လို့ စဉ်းစားထားလိုက်သော်လည်း
" ဒါဆို ကျွန်မကိုပဲ ပေးလိုက်ပါ ! ကျွန်မခုနတည်းက ဒီမှာစောင့်နေတာ ဆိုတော့ "
မျက်နှာတည်နဲ့ပင် ထပြောသော ထိုအမျိုးသမီးပင် ... တကယ့်ကို မျက်နှာပြောင်တာပဲ အာ...
" ကျွန်မ အရင်မှာတာလေ ! ဒါဆို ကျွန်မ က အရင်ဆိုတာ သိရမှာပေါ့နော် ? "
အကြောမခံပြန်ပြောလိုက်ရ၍ စိတ်ထဲတွင်တော့ ပေါ့ပါးသွားရသည် ။ ထိုအခါ ဘေးမှ စူးစိုက်ပြီးကြည့်လာသည် ။
" ချာတိတ် ! လူကြီးတွေကို မပြိုင်စမ်းနဲ့ "
" ချာတိတ် !? ချာတိတ် !? "
YOU ARE READING
𝘁𝗲𝗮𝘀𝗶𝗻𝗴 𝘂 < 𝖬𝗈𝗇𝗂𝗄𝖺 𝖷 𝖭𝗈𝗓𝖾 >
Fanfiction" ဒီအတိုင်း စနောက်နေရင်းနဲ့ပဲ ဘေးနားကနေ ပျောက်ကွယ်သွား ပေးမယ် .... ကတိ ! " " ဒီအတိုင်း စနောက်နေရင်းနဲ့ပဲ ဘေးနားကနေ ပျောက်ကွယ်သွား ပေးမယ် .... ကတိ ! " Side Characters aiki leejung