Part - {29}

2.5K 371 54
                                    

ဒီနေ့တော့ ရူဒယ်က ကျွန်တော်‌တို့နား ဝေ့နေပြန်ပြီ။ ကျွန်တော် အတန်းထဲက ထွက်တာနဲ့ တပြိုင်နက် မျက်လုံးပြာတွေက စောင့်ဆိုင်းနေသလိုမျိုး လိုက်ပါလာတယ်။ အချို့သော အကြောင်းတွေကြောင့် ရူဒယ်က ကျွန်တော့်ဆီလာဖို့ ခြေတစ်လှမ်းပဲ ရှိသေးတဲ့အချိန်မှာပဲ။

"ဟေးလ်။ နေ့လည်စာ သွားစားရအောင်"

အီဗန်က ကျွန်တော့်နောက်ကနေ ပေါ်လာတယ်။ သူက ကျွန်တော့်လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး ခေါင်းကို ပုတ်လိုက်တယ်။

ရူဒယ်က ကျွန်တော့်ရှေ့မှာ ရှိနေတော့ ရူဒယ်များ အီဗန်အပေါ် စိတ်ဝင်စားမှုတွေ ပြလေအုန်းမလားဆိုပြီး ကျွန်တော် စိတ်လှုပ်ရှားလာတယ်။ ရူဒယ်က ချက်ချင်းပဲ ခေါင်းပြန်လှည့်သွားတယ်။ ပြီးတာနဲ့ သူဒီရက်ပိုင်း လုပ်နေသလိုမျိုး ဆန့်ကျင်ဖက်အရပ်ကို လျှောက်သွားပြန်တယ်။ သူ့မျက်နှာပေါ်မှာ အမြဲအပြုံးရှိနေတဲ့ ရူဒယ်က မျက်မှောင်ကြုံ့ထားတယ်။ ...ဘာလဲ?

အဲ့အချိန်မှာပဲ။ ရူဒယ်နောက် လိုက်နေတတ်တဲ့ ကျောင်းသား‌ တစ်စုက သူသွားတာနဲ့ လိုက်သွားတော့တယ်။ အတန်းလိုက်ကြီး သွားနေကြတဲ့ ကျောင်းသားတွေကြားမှာ ရင်းနှီးနေတဲ့ မျက်နှာတစ်ခု ပေါ်လာတယ်။

"သူက..."

သူက အရင်တစ်ခေါက်က အီဗန်ကို ကန်လိုက်တဲ့ ကောင်မဟုတ်လား?

ကျွန်တော့်စိတ်တွေ ပေါက်ကွဲကုန်တယ်။ အမြန်ပဲ အခြားကျောင်းသားတွေရဲ့ မျက်နှာတွေကိုပါ လိုက်ကြည့်လိုက်တယ်။ ဒီရက်ပိုင်း အီဗန်နားတစ်ဝိုက် ‌မြင်နေကြ မျက်နှာပဲ။

အီဗန် အခုချိန်ထိ ထိခိုက်လုနီးပါး ဖြစ်နေတာတွေကသာ မတော်တဆမဟုတ်ပဲ စီစဉ်ထားတာဆိုရင်တော့။

ကြောက်စရာကောင်းတဲ့ ခန့်မှန်းချက်က ကျွန်တော့်ခေါင်းထဲ ရောက်လာတယ်။ အဲ့တာက ဖြစ်နိုင်တယ်။ မူရင်းဝတ္ထုမှာတုန်းက ရူဒယ်ရှားဘတ်က အီဗန်ကို မြူဆွယ်ဖို့အတွက်နဲ့ တမင်ထိခိုက်အောင် လုပ်တာတွေ ရှိဖူးတယ်။ ပြီးတော့ သူမလုပ်ဘူးဆိုတဲ့ အာမခံချက်လည်း မရှိဘူး။ ပြောရရင် အရင်က အီဗန်ကလည်း အခြားကျောင်းသားတွေ အနိုင်ကျင့်တာ ခံခဲ့ရတာ။ ရူဒယ်သာ အီဗန်ကို ထိခိုက်အောင် လုပ်ဖို့အတွက်နဲ့ တမင်ကျောင်းသားတွေကို သုံးခဲ့တာဆိုရင်...။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)Where stories live. Discover now