Part 4

1.9K 259 24
                                    

Unicode

"ရှောင်းကျန့်....မင်းက ဒီလိုဝတ်လိုက်တော့လည်း တကယ့် အထက်တန်းလွှာသခင်လေးလိုပဲကွ"

စာအုပ်ဆိုင်သူဌေးက သာမန်အိမ်တော်သခင်လေးများကဲ့သို့ အပြာနုရောင်ပိုးထည်ဝတ်စုံဝတ်ထားသည့် ရှောင်းကျန့်တစ်ကိုယ်လုံးကို လှည့်ပတ်ကြည့်ကာ ဆိုသည်။

"သူဌေး....ဒီအဝတ်အစားတွေက ဈေးကြီးတယ်မလား....ကျွန်တော်ဝတ်လို့ဖြစ်ပါ့မလားဗျ"

"ဖြစ်ပါတယ်ကွ....ဈေးလဲသိပ်မကြီးပါဘူး ဒီလောက်ကတော့ ငါတတ်နိုင်ပါတယ်။အမှန်တော့ ပန်းချီဆရာတစ်ယောက်က ဒီလိုမျိုးဝတ်စားသင့်တာ"

"ကျွန်တော်က တကယ့်ပန်းချီဆရာမှမဟုတ်တာ အစေခံတစ်ယောက်ပဲဟာကို"

"မင်းကလဲ မျိုးရိုးကအရေးမကြီးပါဘူးကွ။ ဘယ်မျိုးရိုးမှာ မွေးဖွားလာဖို့ဆိုတာ ငါတို့ကိုယ်တိုင်ရွေးချယ်လို့မှမရတာ။ ပန်းချီဆွဲတတ်ရင် ပန်းချီဆရာပေါ့ ဝတ္ထုဇာတ်လမ်းရေးတတ်ရင် ဝတ္ထုရေးဆရာပေါ့။ မင်းက အစေခံတစ်ယောက်ဖြစ်နေလို့ မင်းရေးတဲ့စာက တန်ဖိုးလျော့သွားတာမှမဟုတ်ဘဲ။"

"သူဌေးပြောတာမှန်ပါတယ်။"

ရှောင်းကျန့် ကြေးမုံထဲမှ ကိုယ့်ပုံရိပ်ကို အချိန်အတန်ကြာသည်အထိ ငေးကြည့်နေလိုက်သည်။
................................

ကြီးကျယ်ခမ်းနားလှသည့် ပိုင်လီအိမ်တော်ရှေ့ရောက်တော့ အလိုလိုသိမ်ငယ်စိတ်ဝင်ကာ ချက်ချင်းဝင်မသွားရဲဘဲ ချီတုံချတုံဖြစ်နေသည်။

'ငါ့ကို ဝင်ခွင့်ပေးပါ့မလား.....သခင်လေးသာ ငါ့ကိုတွေ့သွားရင် ဘယ်လိုလုပ်ရပါ့။ အစေခံက အိမ်တော်ထဲဝင်လို့ လူတွေနဲ့ဆွဲထုတ်ခိုင်းနေရင်ရော'

အတွေးများကာ ရပ်နေမိတုန်း ရုတ်တရက်ပွင့်ဟလာသည့် တံခါးကြောင့် ရှောင်းကျန့် ပါးစပ်အဟောင်းသားလေးကြည့်နေမိသည်။

"ဒီက သခင်လေးက"

အိမ်တော်၏ အစေခံဖြစ်ဟန်တူသော အမျိုးသားက တရိုတသေနှင့်မေးလာလေသည်။

"ကျွန်....ကျွန်တော်က ပန်းချီဆွဲဖို့ လာတဲ့သူပါ"

ရှောင်းကျန့်က ဝင်ခွင့်မပေးမည်စိုး၍ အိတ်ထဲတွင်လွယ်လာ‌သော ပန်းချီပစ္စည်းများကို ပြကာ ဆိုလိုက်သည်။

Rúyǎ Fēngdù 儒雅风度Tempat cerita menjadi hidup. Temukan sekarang