အခန်း-၁၆
မနက်ခင်း စောစောမှာပဲ ဦးစစ်က နိုးလာတယ်။ အခန်းတံခါးနားမှာ ငုတ်တုတ်ထိုင်နေတဲ့ ကျွန်တော့်ကိုတွေ့တော့ မျက်မှောင်ကြုတ်သွားတယ်။
ဒီလူကြီးက အသက်ကြီးနေပြီ အဲဒါကို မျက်မှောင်ကြုတ်တာကို လုပ်နေတုန်း။ အရွယ်အတိုင်ခင် နဖူးမှာ အရေးအကြောင်းတွေ ထင်တော့မှာပဲ။ တွေးလိုက်ပေမဲ့ ကျွန်တော် ထုတ်တော့ မပြောရဲပြန်ဘူး။ ကျွန်တော် ထိုင်ရာကနေ မထဘဲ ဦးစစ်ကို မော့ကြည့်လိုက်တော့ ဦးစစ်က ကျွန်တော့်ကို ကျော်သွားတယ်။
"မင်း ဘာပြောချင်တာ ရှိလဲ"
"ကျွန်တော် ဦးရာဇာမျိုးဆွေနဲ့ တွေ့ချင်တယ်.."
ဦးစစ်ရဲ့ခြေလှမ်းတွေ တန့်ခနဲ ရပ်သွားပြီးတော့ မကျေမချမ်း လှည့်ကြည့်လာတယ်။ ပြီးတော့ ဟက်ခနဲ ခေါင်းမော့ရယ်တယ်။
"မင်း ငါ့ဆီကနေ ထွက်သွားဖို့ကို လက်မလျော့သေးဘူးကိုး.. ဒါပေမဲ့ သူက မင်းအဖေ မဟုတ်ဘူး.."
"ကျွန်တော် အမေ့အကြောင်း စုံစမ်းချင်လို့.."
ကျွန်တော် လိမ်ညာနေလည်း အပိုပဲ။ တည့်ပြောလိုက်တာက ပိုကောင်းသေးတယ်။ ဦးစစ်က ကျွန်တော့်ကို စိုက်ကြည့်လာတယ်။ ကျွန်တော် ဦးစစ်ရဲ့အကြည့်တွေကို မျက်လုံးမလွှဲဘဲနဲ့ တန်ပြန် စိုက်ကြည့်နေလိုက်တယ်။
"ဦးစစ် ကျွန်တော့်ကို ပြောပြနိုင်တယ် ဆိုရင် ကျွန်တော် မသွားတော့ဘူး"
ဦးစစ်က ကျွန်တော့်ကို စောင်းကြည့်နေရာကနေ တည့်ကြည့်လာတယ်။
"မင်း ငါ့ကို ခြိမ်းခြောက်နေတာလား.."
ခြိမ်းခြောက်ခံရတာကို ဦးစစ်က မုန်းတယ်။ ကျွန်တော်ကလည်း သတိုးမင်းခါးလိုလူအပါအဝင် တစ်လောကလုံးကို ခြိမ်းခြောက်ရဲရင်တောင် ဦးစစ်တော့ မပါဘူး။ ကျွန်တော် ဦးစစ်ကိုတော့ မခြိမ်းခြောက်ရဲဘူး။ ပြီးတော့ ကျွန်တော့်ကို စိုက်ကြည့်လာမဲ့ အမုန်းမျက်ဝန်းစိမ်းစိမ်းတွေကိုလည်း တောင့်မခံနိုင်လောက်ဘူး။
"ကျွန်တော် ဦးစစ် မပြောပြနိုင်တာကို နားလည်တယ်။ ကျွန်တော် ပြောပြနိုင်တဲ့သူကို သွားမေးမယ်.."
YOU ARE READING
မင်းကို မချစ်တော့ဘူး ဆိုတာ ငါညာတာ/မင္းကို မခ်စ္ေတာ့ဘူး ဆိုတာ ငါညာတာ
Romanceလူဆိုးလေးတစ်ယောက်ရဲ့ မျိုသိပ်နိုင်မှု။ "ဦးစစ် ကျွန်တော့်ကို မယုံဘူး ဆိုရင် ဘာလို့ အနားကို ပြန်လာခဲ့ပါလို့ ပြောခဲ့သေးလဲ" အမှန်အတိုင်း ပြောရရင် အခုအချိန်မှာ ကျွန်တော်က သူ့ခေါင်း မော့လှန်လာအောင် ဒီလူရဲ့ဆံပင်ကို ဆွဲလှန်ပစ်လိုက်ပြီးမှ နမ်းပစ်လိုက်ချင်တာ...