ချန်ယွင်တစ်ယောက်ကတော့ ခုချိန်ထိ စိတ်နဲ့လူနဲ့မကပ်သေးပေ။ဟိုဟာလုပ်လဲမှား ဒီဟာလုပ်လဲမှားနဲ့ အလွဲလွဲအချော်ချော်ဖြစ်နေသည်။ကြာတော့ Ceoကပါ ပြောလာတော့သည်။
"ချန်ယွင်"
"........."
"ချန်ယွင်...."
"ဟင် ဗျာ Ceo"
"မင်း ဘာဖြစ်နေတာလဲ ချန်ယွင် စာရင်းတွေကမှားနေတယ် တစ်ခါမှ မင်း ဒီလိုမျိုးမဖြစ်ဖူးပါဘူး ဘယ်လိုဖြစ်နေတာလဲ ဘာလဲ ရည်းစားပူမိနေတာလား"
"အဲ့လိုမဟုတ်ပါဘူး Ceo ဒီ ဒီလိုပါပဲ နောက်မဖြစ်စေရပါဘူး"
"အင်း ပြီးတာပဲ အော် ဒါနဲ့ နေ့လည်ကျရင် ငါတစ်ခါတည်းရုံးဆင်းလိုက်တော့မယ် အိမ်မှာ ရိပေါ်တစ်ယောက်တည်းမလို့ မင်းလဲ အလုပ်ပြီးရင်ပြန်လို့ရတယ်"
"ဟုတ်ကဲ့ပါ Ceo"
ဒီနေ့က စနေနေ့ဆိုပေမယ့် ရှောင်းကျန့်လုပ်လတ်စလေးတွေဖြတ်ချင်တာမို့ ရုံးကိုလာလုပ်တာ။ စောစောထလာတော့ ရိပေါ်ကမနိုးသေးတာနဲ့ ထားခဲ့လိုက်တာ။
ခါတိုင်းဆိုရင်တော့ သူမပြန်ေပမယ့် ခုရိပေါ်ရှိနေတော့ သူပြန်ရမယ်။ဒီကောင်လေးက ဘာမှလုပ်တတ်တာမဟုတ်။ချန်ယွင်တစ်ယောက် ရုံးခန်းထဲက ထွက်လာပြီး သူ့ထိုင်ခုံမှာ ခြေပစ်လက်ပစ်ထိုင်ချလိုက်တော့သည်။ခုထိသူ မနေ့ကအဖြစ်ပျက်ကို မျက်လုံးထဲက မထွက်သေးပေ။ဖြစ်ပုံက ဒီလို။
၀မ်ရိပေါ်က မနေ့ကပြောလိုက်တာကို Ceoက ပြုံးပြုံးကြီးနဲ့"ဒါဆို ကိုယ်က ဘာစားရမှာလဲ"
"သားစားတဲ့ဟာကိုစားလေ အများကြီးပဲဟာ မကုန်ဘူး"
"ဟုတ်ပါပြီ ဒါဆို ကိုယ်စားမယ်"
"ဟုတ်"
"ရိပေါ်"
"ဗျာ ဦးငယ်လေး"
"ဘာလို့ ငါးမစားတာလဲ မှာထားပြီးတော့"
"အာ အရိုးကြောက်လို့ မစားတာပါ"
"အဲဒါဆို ဘာလို့မှာထားသေးလဲ"