Jung ... အပိုင်း၁ (ခေတ္တခဏပြန်တင်ခြင်း)

1.3K 117 7
                                    

Unicode

မြောင်ဂျိုတိုင်းပြည်နဲ့ ဂယောင်းဂျုတိုင်းပြည် နှစ်ပြည်ထောင် ချစ်ကြည်ရေးအတွက် ဂယောင်းဂျူတိုင်းပြည်မှအိမ်ရှေ့စံ
ဂင်မ်ထယ်ယောင်း မြောင်ဂျိုတိုင်းပြည်သို့ရောက်လာခြင်းဖြစ်၏။

" အခုလိုနှစ် ပြည်ထောင်ချစ်ကြည်ရေးအတွက် အလွန်ဝမ်းသာမိပါတယ် မင်းကြီး.."

" အိမ်ရှေ့စံဂင်မ် တို့လို အင်အားကြီးတိုင်းပြည်ကြီးက မြောင်ဂျိုလို တိုင်းပြည်လေးနဲ့ ပူပေါင်းတဲ့အတွက် ကိုယ်တော်အလွန်ဝမ်းသာမိပါတယ်... အိမ်ရှေ့စံဂင်မ်လဲ ခရီးဝေးကနေခရီးနှင်လာရတော့ ပင်ပန်းနေရောပေါ့ .."

" ကျွန်တော်မျိုးမပင်ပန်းပါဘူးမင်းကြီး.. နန်းတော်ထဲကိုတော့ လှည့်လည်ကြည့်ရှုချင်မိပါတယ် ရပါသလား.."

" အိမ်ရှေ့စံဂင်မ်ကိုလိုက်ပြပေးဖို့ ကိုယ်တော် ကိုယ်ရံတော်တယောက်ထည့်ပေးလိုက်ပါ့မယ်.."

" ကျေးဇူးတင်ပါတယ်မင်းကြီး.."

" အိမ်ရှေ့စံဂင်မ်တို့ ဂယောင်းဂျူကသာ ကိုယ်တော်တို့ မြောင်ဂျိုအပေါ်ထားရှိတဲ့ ကျေးဇူးတွေနဲ့ယှဉ်ရင်ဘာမှမပြောပလောက်ပါဘူး.."

ခနကြာတော့ မင်းကြီးခေါ်ထားတဲ့ကိုယ်ရံတော်နဲ့အတူ နန်းတော်ထဲကို
အိမ်ရှေ့စံဂင်မ် လှည့်လည်ကြည့်ရှုနေရင်း ဉယျာဉ်တော်ထဲတွင် မင်းသားလေးများအား ဓားရေးသင်ပေးနေတဲ့သူဆီသို့ အာရုံအလုံးစုံရောက်သွားတော့သည်။

ကိုယ့်ကိုမြင်သွားတော့ ပြုံးပြကာဦးညွတ်နှုတ်ဆက်လာသူ။

" ကိုယ်ရံတော် သူကဘယ်သူလဲ.."

" သူက အမတ်ဂျောင်ရဲ့သား ဂျောင်ဟိုဆော့လို့ခေါ်ပါတယ် အိမ်ရှေ့စံမင်းသား.."

" ‌‌ ဂျောင်ဟိုဆော့တဲ့လား.."

အသားအရည်ကသိပ်မဖြူပေမယ့် သိပ်လဲမညိုပြန် ပိန်ပိန်ပါးပါးကိုယ်လုံးနဲ့ဝတ်ထားတဲ့ အပြာရင့်ရောင်ဝတ်စုံဟာ သိပ်လိုက်ဖက်လှသည် အချိုးကျလှစွာတည်ရှိနေတဲ့မျက်နှာဟာ ပန်းပုရုပ်ကို အလွန်တော်တဲ့ပညာရှင်ကထုစစ်ထားသလိုပင် ရှင်သပ်ရှု‌မောဖွယ်ကောင်းလှသည်.. ယောင်္ကျားလေးတယောက်ကိုလှတယ်လို့မသုံးသင့်ပေမယ့် ထိုယောက်ျားလေးဟာ အကြည့်တို့မခွာရက်နိုင်အောင်လှသည်။ မိန်းမတွေထက်လှသည်ဟုဆိုလျှင်မူပိုလိုဖြစ်နေလေမလား။

You've reached the end of published parts.

⏰ Last updated: May 16 ⏰

Add this story to your Library to get notified about new parts!

" Jung "Where stories live. Discover now