ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၂၂၈
(ကြီးထွားပြောင်းလဲလာသည့် လေးပါးသောဗိသုကာစံအိမ်)ငါတို့ ရောက်ပြီပဲ
ပေနီ မရိုးမရွ ဖြစ်နေကာ စိတ်လှုပ်ရှားနေ၏။ဂူချင်းချန်နှင့် ဂူယွမ်မှာ ဤနေရာအား ယခင်က မြင်ဖူးခဲ့သောကြောင့် စိတ်လှုပ်ရှားမှုအား ပိုမို ထိန်းချုပ်ထားနိုင်သည်။ သို့ရာတွင် ပေနီမှာ ဆရာကြီးအကြောင်းအား ပြောစကားများအရ သာ ကြားဖူးခဲ့သောကြောင့် သူသည် အင်မော်တယ်တစ်ပါးအား တွေ့လိုက်ရသော သာမန်လူတစ်ယောက်ကဲ့သို့ ခံစားနေရကာ ရင်တုန်ပန်းတုန် ဖြစ်နေတော့သည်။
သူ့အား ဂူချန်းချင် သတိပေးလိုက်သည်။
ဂိုဏ်းခေါင်းဆောင်နဲ့အဘိုး....ဆရာကြီးနဲ့တွေ့တဲ့အခါ တည်တည်ငြိမ်ငြိမ် ဖြစ်နေဖို့ လိုတယ်နော်...စိတ်တွေ မှန်ကန်တဲ့ အနေအထားမှာ ရှိနေမှ ဖြစ်မယ်ပေနီ ခေါင်းညိတ်လိုက်ကာ သူ၏ လည်ချောင်းမှာ တင်းကြပ်နေသကဲ့သို့ ခံစားနေရသည်။ သူ၏ ခါးတွင် မီးငှက်ပုတီးမိစ္ဆာငါးကောင်အား ချည်ထားသော ကြိုးကို ဖြည်လိုက်ကာ တိုးညှင်းစွာ ပြောလိုက်သည်။
တံခါးခေါက်လိုက်တော့မီးငှက်ပုတီးမိစ္ဆာငါးကောင်မှာ စိတ်ရှုပ်ထွေးနေကြကာ သူတို့၏ မာန်မာနများ လုံးဝမရှိတော့၍ အားလုံး စိုးထိတ်နေကြသည်။
လေထုအား အကဲခပ်လိုက်ပြီးနောက် ဤအင်မော်တယ် သာမန်ဘုံတွင် အံ့သြစရာကောင်းသော ဆရာကြီးတစ်ဦး အမှန်ပင် ရှိနေခြင်းလောဟု တွေးနေကြသည်။
သူတို့၏ တင်ပါးများ တင်းကြပ်နေကာ ကျုံ့နေလေသည်။
အမျိုးအမည်မသိသော အန္တရာယ်တစ်ခုအား ရင်ဆိုင်ရမည်ဖြစ်သဖြင့် သူတို့၏ တင်ပါးများအား ဥဥရန် လေ့ကျင့်လာခဲ့ရသည်။ မည်သူမှ ချက်စား၍ ကောင်းစေရန် အသားကောင်းအောင် ရူးသွပ်စွာ မလေ့ကျင့်ခဲ့ကြချေ။
သူတို့၏ လေ့ကျင့်မှုများ အသုံးဝင်မဝင် သိချင်နေကြတော့သည်။ ဆရာကြီး ကျေနပ်လိမ့်မည်လော။
ဤ အဘိုးကြီးများသည် အတော်ပင် အကျင့်ယုတ်ကြသည်။သူတို့သည် မည်သည့်ကိစ္စရပ်များ ဖြစ်နေကြောင်း သူတို့အား မပြောပြချေ။
ESTÁS LEYENDO
ကျုပ်ကဆရာကြီး(1-ongoing)
Aventura(Im Actually a Cultivation Bigshot) Action, Advanture, Fantasy, Comedy မူရင်းစာရေးဆရာ - Kinoshita Nakui ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် Fb page name=Webnovel myanmar translation လီနင်းဖန် သည် သေမျိုးကမ္ဘာ မှ ကျင့်ကြံခြင်း ကမ္ဘာဆီသို့ ကူးပြောင်းရော...