အပိုင်း-၁

1.9K 105 9
                                    

Unicode

အကြောင်းအရာ_ဒီနေ့က ပြဿဒါးနေ့ပဲ....။

ရှောင်းကျန့်တစ်ယောက် သူ့အရှေ့က ရှေ့နေဆိုသူရဲ့ပြောစကားတွေကို နားထောင်ပြီး
နဝေတိမ်တောင်ဖြစ်နေရတယ်။

"ဘယ်လို??"

သူ့ရဲ့ အမေးမမည်တဲ့အာမေဍိတ်ကြောင့် စကားဖြတ်ပြောခံရတာကို မကျေနပ်ပုံရတဲ့
အကြည့်နှင့် ရှေ့နေက သူ့ကို ကြည့်လာလေသည်။ သူတစ်ပါးရဲ့စကားဝိုင်းကို ဖြတ်ပြောတာက ရိုင်းရာကျမှန်း သိပေမယ့် အခုချိန်မှာ ယဥ်ကျေးသမှုတွေ၊လေးစားသမှုတွေထက် ထိုလူပြောနေတဲ့ အကြောင်းကိုသာ သူ့အနေဖြင့် ပိုအာရုံစိုက်ရပေလိမ့်မည်။

ထိုလူက ကိုယ်ဟန်နေထားကို သက်သောင့်သက်သာပြုလိုက်ပြီး မျက်မှန်ကိုင်းကို အသာပင့်တင်လိုက်သည်။ချောင်းဟမ့်ကာ လည်ချောင်းရှင်းပြီးမှ ဆက်ပြောလေ၏။

"ဒီလိုပါ Mr. Xiao ကွယ်လွန်သူMrs.Alice Zolineရဲ့ သေတမ်းစာအရ အခု ခင်ဗျားရှေ့က ဒီသမီးက ခင်ဗျားသမီးပါ။ သူမရဲ့ ဆန္ဒအရ ဒီသမီးလေးကို ခင်ဗျားနှင့် Mr. Wangက ဆက်လက်စောင့်ရှက်ပေးဖို့...."

"ခဏ...Mr. Wang? ဝမ်မိသားစုကလား"

နှစ်ခါမြောက် ဖြတ်ပြောခံရအပြီးတွင် ထိုရှေ့နေက စိတ်ကိုမနည်းဆွဲဆန့်ထားရဟန်နှင့်....

"ဟုတ်ပါတယ် ဝမ်မိသားစုရဲ့ သား ဝမ်ရိပေါ်ပါ"

"ဘာတွေလဲ..ကျွန်တော့ကို သေချာလေး ရှင်းပြပေးပါအုန်း"

အခုမှ အကွက်တွေ့သွားဟန်ဖြင့် ရှေ့နေက သူ့ကို ရှေ့ကမကျေနပ်ချက်နှင့်ပေါင်းပြီး ခပ်ဆတ်ဆတ်ပြောလာလေ၏။

"ကျွန်တော် ရှင်းပြနေတာပဲ...ခင်ဗျားပဲ ဖြတ်ဖြတ်ပြောနေပြီးတော့...သေချာနားထောင်ပါ ဒီသမီးလေးက ခင်ဗျားရယ်၊ Mr. Wangရယ် ပြီးတော့ Mrs. Zolineရယ် ခင်ဗျားတို့ သုံးယောက်ရဲ့သမီးလေးပါ"

\\လူသုံးယောက်က သမီးတစ်ယောက်??ဒါကြီးက ဖြစ်နိုင်လို့လား? //

ရှောင်းကျန့် သူ့အရှေ့က ရှေ့နေဘေးတွင် မျက်နှာငယ်လေးနှင့် ထိုင်နေသည့် ကလေးမသေးသေးလေးကို စိတ်ရှုပ်ထွေးစွာဖြင့်ကြည့်နေမိသည်။ သူ့ကို အကဲခတ်ကြည့်နေဟန်ရှိသည့် ရှေ့နေကပဲ မပြီးသေးတဲ့ စကားကိုဆက်၏။

သမီးတစ်ယောက်ကိုပြုစုပျိုးထောင်ရတာလွယ်ကူမနေဘူး!!Where stories live. Discover now