''သိပ်ချစ်ရဲ့အကြောင်းတွေကိုအမသိအောင်ပြောပြရင်တောင်အမကသိပမလား''ဘာလိုလိုနဲ့အမreiရဲ့ ပန်းဆိုင်နဲ့ဟိုတယ်မှာသောင်တင်နေတာ သုံးလတောင်ပြည့်တော့မယ် အရေးကြီးကိစ္စကြောင့်
နားရက်ခဏယူမယ်ဆိုပြီး ပြောထားပေမဲ့လဲသိပ်မကြာခင်ပဲမှာပြန်ရတော့မယ် ဆိုတာကိုတော့သိပါရဲ့ တစ်လထဲဆိုပေမဲ့လဲ တစ်ချို့တွေအတွက်အချိန်ကထင်ထားတာကိုကြာနေပြီလေ ချစ်မိနေတယ်ဆိုပေမဲ့ဘဝကရှေ့ဆက်သွားရအုံးမှာပဲမဟုတ်လား နဂိုထဲကခွင့်မယူပဲနားရက်မရှိအောင် အလုပ်လုပ်တဲ့သူမို့လို့entဘက်က ဒီလိုတစ်လနီးပါးလွှတ်ထားပေးတာ မဆန်းပေမဲ့လဲ အမကိုတော့အမှန်အတိုင်းပြောရတော့မယ်ထင်တယ် အမတော့ရိပ်မိမလား မသိပေမဲ့ဒီသုံးလ အတွင်း အမဘေးမှာကော်နဲ့ကပ်ထားသလို ကပ်နေတာကိုတော့ ကိုယ့်ကိုကိုယ်တောင်သတိထားမိတာအမှန်''wonရေအမကိုဒီပန်းစည်းလေးကိုလာစည်းပေးပါလား''
''ဟုတ်အမဒါလဲကြိုတင်မှာထားတာပဲလား''
''အင်းဟုတ်တယ်လက်ဆောင်ပေးဖို့ထင်ပါရဲ့''
''won''
''ဟင်ပြော အမ''
''ညကျရင် အားလား''
''အားပါတယ်''
''ဒီညတော့ အမတိုက်ခန်းမှာလိုက်အိပ်မလား''
''အင်းလိုက်ခဲ့မယ် ညီမလဲမဟုတ်ရင် တစ်ယောက်ထဲအိပ်နေရမှာပဲဆိုတော့''
ဒီအတောအတွင်း ဝါသနာအရဒီဆိုင်ကိုဖွင့်ထားတယ် ဆိုတာကလွဲပြီး အမreiရဲ့တခြားအကြောင်းတွေကို ဘာမှမသိပါ
အမလဲတူတူပါပဲ ထင်ပါရဲ့ စရောက်ထဲကတစ်ယောက်နာမည်ကတစ်ယောက်သိတာကလွဲပြီး ဆက်ဆံရေးကတော့ဘာမှထူးခြားမလာပါ ဒါပေမဲ့လဲအဆင်ပြေပါတယ် အနည်းဆုံးတော့ငေးကြည့်နေခွင့်ရတာမို့လို့ ငေးကြည့်ရုံနဲ့တင်လုံလောက်နေပြီမို့လို့ရှေ့မဆက်လဲရပြီထင်ပါရဲ့ ဒီတိုင်းအချစ်ဉီးအဖြစ်နဲ့အဆုံးသတ်သွားရင်တောင် နောင်တ ရစရာမရှိဘူးထင်ပါရဲ့
.
.
.
.
.
.
.
.
.
.
.
.
.
''ညစာကတော့ အမလဲပုံမှန်အများကြီး သိပ်မစားတဲ့သူမို့လို့ခေါက်ဆွဲပြုတ်ပဲစားမယ်လေ အဆင်ပြေတယ်မလား''
YOU ARE READING
If only you had come back to me
Hayran Kurguဂျပန်မှာဆာကူရာပန်းတွေပွင့်တဲ့အချိန်ရောက်ရင်အမဆီပြန်လာနိုင်မလား အမရဲ့ဆာကူရာလေး......