Hoon's

911 81 2
                                    

"Sunghoon သားငယ် ဘယ်ရောက်နေလဲသား "

မေမေ့ရဲ့တကြော်ကြော်အော်ခေါ်သံကြောင့် Sunghoon
မေမေ့ဆီပြေးသွားလိုက်သည်။

" မေမေ "

" သားရယ် မေမေကဘယ်များရောက်နေသလဲလို့ "

" သားဟိုမှာဆော့နေတာ မေမေ "

5တန်းအရွယ်ကလေးတစ်ယောက်ဆော့ရာနေရာကသူတို့နေထိုင်ရာအိမ်နှင့်မနီးမဝေးရှိပင်လယ်သောင်ကမ်းစပ်မှာတဲ့။
မတော်တဆများဆိုတဲ့အတွေးနဲ့သူမရင်ပူသွားရသည်။

" သားနောက်တစ်ခါအဲ့နားသွားမဆော့ရဘူးနော် "

" သားပျင်းတယ်လေ မေမေရဲ့ "

" မကြာခင်ကျောင်းတွေဖွင့်တော့မှာပါသားရယ် ၊ သားကိုရေထဲပြုတ်ကျမှာဆိုးလို့ပါ "

" သားကလေးလေးမဟုတ်တော့ပါဘူး မေမေရဲ့ "

အထွန့်တက်ကာပြောလာသောသားငယ်ကိုကြည့်ရင်းသူမခပ်ဖွဖွပြုံးမိသည်။

" ဟုတ်ပါပြီ၊အခုတော့ထမင်းစားရအောင်သားဖေဖေစောင့်နေတယ် "

ထို့နောက်သားအမိနှစ်ယောက်ကုန်းမြင့်ပေါ်ရှိသူမတို့နေထိုင်ရာနေအိမ်လေးသို့ခြေလှမ်းများဦးတည်ကာပြန်လာခဲ့တော့သည်။

" သားက ကစားဖော်မရှိတော့ပင်လယ်ကမ်းစပ်နားတစ်ယောက်တည်းဆော့နေရှာတယ် "

အမျိုးသမီးဖြစ်သူရဲ့စကားကြောင့် Sunghoon အဖေမှာစိတ်မကောင်းသလိုမျက်နှာလေးဖြစ်သွားသည်။

" သားကအဖော်မရှိတော့လည်းပျင်းနေရှာမှာပေါ့ "

သူတို့ယခုနေထိုင်သည့်နေအိမ်သို့ပြောင်းလာခဲ့သည်မှာတစ်ပတ်ပင်မပြည့်သေးပေ။Sunghoon အဖေဖြစ်သူရဲ့တာဝန်ကျရာသို့ပြောင်းရွှေ့လာရာမှထိုဒေသသို့သူတို့ရောက်ရှိလာကြခြင်းဖြစ်သည်။

ထိုမြို့လေးကရထားလမ်းနဲ့နီးသလိုရေကြောင်းလမ်းနှင့်လည်းအသွားအလာရှိကြသည်။‌အောက်မြန်မာပြည်တစ်နေရာရှိထိုမြို့ လေးသည်ကားလမ်းကတော့သိပ်မပေါက်ပေ။

ကျောင်းဖွင့်ရက်တွေမရောက်သေးသည့်အတွက် Sunghoon အတော်လေးပျင်းလို့နေသည်။အိမ်နီးနားချင်းရယ်လည်းမရှိသလိုဆော့စရာအဖော်လည်းမရှိသည့်သူ့အတွက်ဒီအိမ်ကြီးကိုစပြောင်းလာသည့်နေ့မှစ၍ပျင်းခြောက်ခြောက်နေ့ရက်များနှင့်သာရင်တိုင်နေရသည်။

Hoon'sWhere stories live. Discover now