အရှင့်ကျေးကျွန်(Part-11)

25 1 2
                                    

တကယ်ဆို တိမ်တိုက်ဘဝကသနားပါတယ် သူအခုသူ့အမေအကြောင်းသိသွားရင် သူ့အပေါ်နှိပ်စက်ခဲ့တဲ့ အမရာမြူဆိုတဲ့မိန်းမကိုသူသတ်ပစ်ချင်နေမှာ ငယ်ရွယ်ဖြူစင်တဲ့ကလေးကို အမှားတွေမဖြစ်အောင်အခုအကြောင်းတွေသူမသိတာအကောင်းဆုံးဘဲ

အခန်းထဲက အမနိုင်နိုင်ရဲ့စကားကြောင့် ကျွန်တော့်ခြေလှမ်းတွေရပ်သွားခဲ့ရသည်

အမှန်တရား အမေနဲ့ပတ်သတ်တဲ့အမှန်တရားဟုတ်လား

သူမရှိတဲ့နောက် အမေတစ်ယောက်ထဲဘယ်လိုအသက်ရှင်ပါ့မလဲလို့ တွေးမိပြီးအမနိုင်နိုင်ကိုအမေ့အကြောင်းစုံစမ်းခိုင်းတော့ သူ့အမေသေပြီဆိုတာဘဲသိခဲ့ရသည် အခု ဒေါ်အမရမြူကိုသတ်ပစ်ချင်လောက်တဲ့အကြောင်းတရားရှိလောက်သည်ဆိုတော့သူ့အမေသေတာ ထိုမိန်းမကြောင့်များလား

အမနိုင်နိုင်

စူးရှရှနဲ့​တုန်ယီနေတဲ့အသံခပ်ကျယ်ကျယ်ကြောင့် နေနိုင်သူ ပြောလက်စphကိုကဗျာကယာချရင်း

တိမ်....တိမ်တိုက်

ထစ်ထစ်ငေါ့ငေါ့ထူးသံနဲ့အတူဂနာမငြိမ်တဲ့မျက်လုံးတွေကြောင့် အမနိုင်နိုင် သူ့အပေါ်ဖုံးကွယ်ထားတာရှိမှန်းမေးစရာမလိုလောက်အောင်သေချာနေပြီ

အမနိုင်နိုင် ကျွန်တော့်ကိုအမှန်တိုင်းပြောပါ ကျွန်တော်မသိအောင်ဘာတွေလုပ်နေတာလဲ ကျွန်တော့်အမေဆိုတာကရော ပြီးတော့ဟိုမိန်းမကြီးအကြောင်းရော အမပြောနေတာကြားတယ်

တိမ်တိုက်ရဲ့အမေး ကြောင့် ဖြေစရာစကားများပင် လည်ပင်းမှပျောက်ရှနေလေသည် သူထိုဖြူနုနုကောင်လေးကိုမထိခိုက်စေလိုပါ ဒါကြောင့်လည်း ထိုကောင်လေးကို သူ့အနားမှာသာခေါ်ထားပြီး မောင်တစ်ယောက်လိုပြုစုပေးနေမိသည် ဒါပေမဲ့ အမှန်တရားက ကြာကြာဖုံးလို့မရတာ သိပ်ကိုမှန်တာပါဘဲ

တိမ်တိုက် အမ မင်းကိုလိမ်ဖို့မရည်ရွယ်ပါဘူး တ...တကယ်တော့လေမင်း အမေက ဟို...ဟို.......

အမနိုင်နိုင် ကျွန်တော့်အမေကဘာဖြစ်လဲလို့ မြန်မြန်ပြော........

တွန့်ချိုးထားတဲ့မျက်ခုံးတွေနဲ့ဒေါသကြောင့်နီရဲနေတဲ့မျက်နှာကြောင့် တိမ်တိုက် ကိုလိမ်လို့မရတော့မှန်း သူသဘောပေါက်မိသည်

အရှင့်ကျေးကျွန်Tahanan ng mga kuwento. Tumuklas ngayon