ရှန့်တိုင်းပြည် ၊ ယွီတိုင်းပြည် ၊ ဟန်တိုင်းပြည် ၊ ယွဲ့တိုင်းပြည် ဟူ၍တိုင်းပြည်4ခုရှိသည့်အနက်..
ရှန့်တိုင်းပြည်ဆိုသည်မှာငြိမ်းချမ်းစွာနေထိုင်တတ်ပြီးတစ်ဦးအပေါ်တစ်ဦးအလွန်ညှာတာတတ်ကြသည်။
ပျော်ပျော်နေတတ်ကြပြီး..မိသားစုအရေးဆိုလျှင်ရဲဝံ့ကြသည်..။
အေးချမ်းလှသောနှင်းနဲ့သဏ္ဍန်တူ၍..စိတ်ကြည်လင်စေသောကြာပန်းအားကိုယ်စားပြု၍
"နှင်းကြာပန်း"တံဆိပ်ဖွဲ့စည်းထားသည်..။ တိုင်းပြည်၏ကိုယ်စားပြုအရောင်မှာ အဖြူနှင့် တောက်ပသောငွေရောင်၊ပန်းနုရောင်ဟူ၍3ရောင်ရှိသည်။ယွီတိုင်းပြည်ဆိုသည်မှာစည်းပွားရေးအချက်အချာကျသည့်တိုင်းပြည်တစ်ခု..။
လူစည်၍ပျော်ပွဲရွှင်ပွဲများစွာပြုလုပ်တတ်သောတိုင်းပြည်တစ်ခုဖြစ်သည်..။ ထိုတိုင်းပြည်၌စည်းပွားရေးလှည့်ကွက်များစွာရှိသဖြင့် ဉာဏ်အရည်အသွေးကိုဖော်ဆောင်သည့်အနေဖြင့်..
"သိမ်းငှက်"တံဆိပ်ကိုဖွဲ့စည်းထားသည်..။ တိုင်းပြည်၏ကိုယ်စားပြုအရောင်မှာ အညိုနှင့်ရွှေအို ရောင်ဖြစ်သည်။ဟန်တိုင်းပြည်ဆိုသည်မှာအာဏာအကြီးဆုံးနှင့်မည်သူမှမော့မကြည့်ရဲသည့်နိုင်ငံ..
တစ်နည်းအားဖြင့်အရာရာတိုင်းကိုအလိုရှိသလိုပြုမူနိုင်သည့်အင်အားအကြီးဆုံး၊စစ်ရေးစစ်ရာအကောင်းဆုံးနိုင်ငံ..။
အရာအားလုံး၏အထက်၌ရှိသည်ဟူ၍လည်ကောင်း၊အရာအားလုံး၏ဘုရင်ဟူသည့်အဓိပ္ပါယ်ဖြင့်လည်းကောင်း"⚜ကောင်းကင်
ကိုယ်စားပြုသည့် အရောင်မှာ အပြာရောင် ။ယွဲ့တိုင်းပြည်ဆိုသည်မှာအဆိပ်နိုင်ငံဟူ၍နာမည်ကြီး၏။
တစ်နည်းအားဖြင့်ပြိုင်ဘက်ကင်းအဆိပ်နိုင်ငံပင်။
ကိုယ်စားပြုအရောင်မှာ အဝါရောင်ဖြစ်သည်။
နိုင်ငံ၏တံဆိပ်တော်မှာ ခေါင်းနှစ်လုံးနှင့်မြွေဖြစ်သည်။=============================
ဝေဖန်ပေးကြပါဦး
ပထမဆုံးရေးတဲ့နန်းတွင်းလေးပါ😙
ဝေဖန်ပေးကြပါဦး
=============================
YOU ARE READING
My Lord (အရှင်..)
Historical Fictionအရှင့်ကိုမုန်းဖို့ကြိုးစားနေပြီမလို့.. ကျွန်တော့်ကိုနှောင့်ယှက်နေတာတွေတော်ပါတော့..!!