"Unexpected Love" အပိုင်း-(၁)

34 5 0
                                    

Unicode

          အချစ်ဆိုတာ ဘယ်လိုလဲ ကျွန်တော်မသိဘူး။
ဘယ်ကနေ ဘယ်လိုစတင်ဖြစ်ပေါ်လာလဲဆိုတာ
ကျွန်တော်သေချာမသိဘူး။ ကျွန်တော့်အတွက်
အချစ်ဆိုတာက အရမ်းရိုးရှင်းခဲ့တယ်။
ဒီအတိုင်း မထင်မှတ်ထားတဲ့ အခြေအနေတခုမှာ ပေါ်လာပြီး မထင်မှတ်ထားတဲ့ အချိန်တခုမှာ
ပျောက်ကွယ်သွားတဲ့ အချစ် ကျွန်တော့်အတွက်
အချစ်က အဲ့လိုမျိုးဖြစ်ခဲ့တယ်။ ကျွန်တော် တကယ်
အချစ်ဆိုတာဘာလဲ အခုထိနားမလည်သေးဘူး။
          အချစ်က  လူတယောက်ကို ပြုံးစေတယ်။
ငိုစေတယ်။ ခံစားချက်ကောင်းတွေကို ပေးတယ်။ ဘယ်လိုနည်းနဲ့မှ မမေ့နိုင်တဲ့  ကြည်နူးစရာကောင်းတဲ့ မှတ်ဉာဏ်တွေကို ဖန်တီးပေးသလို  အပြီးတိုင် ဘဝထဲကနေ ဆွဲထုတ်ပစ်ချင်တဲ့ မကောင်းတဲ့ အတိတ်ဆိုးတွေကိုလည်း ဖန်တီးပေးတယ်။ အထူးသဖြင့် လူတယောက်
ကို အများကြီး ပြောင်းလဲ စေနိုင်တယ်။ သိက္ခာတွေ၊ မာနတွေ အမျိုးမျိုးသော အရာအားလုံးကို ချိုးနှိမ်နိုင်
တယ်။
          မင်းခဏခဏ လျစ်လျူရှုလိုက်တဲ့ အချိန်တိုလေးတွေက မင်းကို အချစ်ဆိုတဲ့ ခံစားမှုကို မကြာခဏ
အချက်ပြနေလိမ့်မယ်။ ဒါပေမယ့် မင်းကိုယ်တိုင် အဲ့ဒီခံစားချက်ကို ကောင်းကောင်းနားမလည်ပဲ ထင်ရာ
ကောက်ချက်ချလိုက်မယ်ဆိုရင် အဲ့ဒီအချစ်ဆိုတဲ့
ခံစားချက်ကပဲ မင်းကို တနေ့မှာ ဒုက္ခလှလှလေးပေး
လိမ့်မယ်။
          ကျွန်တော်ကိုယ်တိုင်လည်း အဲ့ဒီအချစ်ဆိုတဲ့
ခံစားချက်ကြီးကို ကောင်းကောင်းကြီး လျစ်လျူရှုခဲ့ဖူး
တယ်။
          လောကမှာ ဖြတ်ရအခက်ဆုံးက မိဘနဲ့ သားသမီး
ဆက်ဆံရေးပြီးရင် သူငယ်ချင်းဆိုတဲ့ သံယောဇဉ်ဆိုတာကို ကျွန်တော် သိလိုက်ရတယ်။ သူ့ကြောင့်နဲ့ပေါ့။
သူငယ်ချင်းဆိုတဲ့ ဂုဏ်ပုဒ်အောက်မှာ အမှန်တိုင်းဖွင့်ဟပြီး ဖွင့်ပြောချင်တဲ့ ရင်တွင်းစကားတွေရှိပေမယ့် "ငါတို့က သူငယ်ချင်းပဲ"ဆိုပြီး စဉ်းစားမိတိုင်း ဖွင့်မပြောနိုင်ခဲ့ဘူး။ "သူ့အတွက် ငါက သူငယ်ချင်းတယောက်သာသာပါပဲ"ဆိုပြီး ခဏခဏ ကိုယ့်ကိုကိုယ် ပြန်ပြီးသုံးသပ်
ဖူးတယ်။ တကယ်ပဲ ငါတို့ သူငယ်ချင်းဆိုတဲ့ စည်းကို ခဏလေးဖြစ်ဖြစ်တောင် ကျော်လို့မရဘူးလားဟင်။

"Unexpected Love"Where stories live. Discover now