"Unexpected Love" အပိုင်း-(၃)

6 2 0
                                    

Unicode

မနေ့ကဖြစ်ခဲ့တဲ့ ကိစ္စကြောင့် ကျွန်တော့်စိတ်မှာ မတင်မကျဖြစ်နေသည်။ ထို့ကြောင့် ရာပြည့်ကို ကျောင်းသွားဖို့ မနိုးတော့ပဲ ကျွန်တော် တယောက်တည်းပင် ကျောင်းသို့ လမ်းလျှောက်သွားခဲ့ပါသည်။ ကျွန်တော့်
စိတ်မှာကြိုသိနေပါသည်။ ရာပြည့် ကျွန်တော့်အနောက်
ကို သည်းကြီးမဲကြီး လိုက်လာပြီး သူ့ကို ကျောင်းတက်ဖို့ လာမနိုးတဲ့ ကျွန်တော့်ကို အပြစ်တင်ပြီး စကားလိုက်
ပြောတော့မှာကို အလိုလိုပင်သိနေသည်။ ဤသည်မှာ ရာပြည့် ငယ်ငယ်ကတည်းက လိုက်တက်သော အကျင့်
ပင်ဖြစ်သည်။ မြူနှင်းများကျနေသောကြောင့် လျှောက်
လမ်းကို အနည်းငယ်မျှသာ မြင်ရသည်။ ကျွန်တော့်ကို အနောက်ကနေ လှမ်းခေါ်နေသော ရာပြည့် အသံကိုကြားသော်လည်း ကျွန်တော် လျစ်လျူရှုခဲ့ပါသည်။
ကျွန်တော် နောက်လှည့်မကြည့်သောကြောင့် ရာပြည့် အော်သံမှာ တဖြည်းဖြည်း ပိုကျယ်လာသည်။ သည်လို
နှင့် ရာပြည့်သည် အနောက်ကနေ လိုက်လာပြီး ကျွန်
တော့် ရှေ့တွင် စက်ဘီးကိုပိတ်ရပ်လိုက်သည်။

"မင်းဘာပဲဖြစ်နေတာလဲ ကျောင်းသွားတာ ငါ့ကိုလည်း လာမနိုးဘူး မနေ့ကတည်းက မင်းငါ့ကိုရှောင်နေတာ မင်းဘာဖြစ်နေတာလဲကွာ"

"ငါတယောက်တည်း အေးဆေးနေလို့မရဘူးလား"

"မရဘူး မင်းဘာဖြစ်နေတာလဲ ငါ့ကိုပြော
မင်းပြောပြမှ ငါသိမှာပေါ့ကွာ"

"မင်းသိလို့လည်း ဘာမှဖြစ်လာမှာမဟုတ်ဘူး
အရှင်းဆုံးပြောရရင် ငါမင်းနဲ့ ဒီထက်ပိုပြီး
ဆက်မခင်ချင်တော့ဘူး"

"ငါတောင်းပန်ပါတယ် ငါဘာလုပ်မိလို့လည်းကွာ....
အာ မနေ့က မင်းကို နမ်းမိတာကြောင့်လား
ငါမရည်ရွယ်ပါဘူးကွာ"

"တော်ပြီ အဲ့အကြောင်းတွေ ပြန်ပြောမနေနဲ့တော့
ဖယ် ကျောင်းနောက်ကျနေပြီ"

"Unexpected Love"Where stories live. Discover now