Home & House - 2

1K 52 4
                                    

Unicode

ဝသာန်အိမ်ပြန်ရောက်ပြီးမကြာပါဘူး သော်က အမေ ဖုန်းဆက်လာတယ်ငိုသံကြီးနဲ့

"သား ဝသာန် ဆေးရုံကိုလာပါဦး သမီးလေးလေ ကားတိုက်ခံရတယ်"

ဗျာ!!!!

ကျွန်တော့ကမ္ဘာကြီးချာချာလည်သွားသလိုပဲ
" ကျွန်တော်အခုလာခဲ့မယ် မား"

ဆေးရုံရောက်တော့ သော်ကအသက်မှီရုံလေးပဲ

အဲ့လူကို မောင် သိတယ် အနှိုင်းမဲ့ ငါ့ကိုကားနဲ့တိုက်သွားတယ် သူပြောတုန်းက ငါလက်ခံခဲ့ရမှာ သူ့မျက်လုံးကိုငါခံစားမိတယ် သူအချစ်မခံရဘူးမေတ္တာငတ်နေတဲ့ကလေး ချစ်လေသူ့ကို မြင်မြင်ချင်း မောင်လေးတစ်ယောက်လိုချစ်တယ်သူမောက်မာရိုင်းစိုင်း‌နေတာတောင်မှ မောင်သူ့ကို မမုန်းပါနဲ့ သူ မောင့်အချစ်ကိုလိုအပ်နေတာ

သော်ကကိုကြည့်ပြီး မခံစားနိုင်

"ချစ်ရယ် စကားမပြောပါနဲ့ မောနေပါ့မယ် "

"ချစ်ပြန်လာမှာပါ "

ပြောပြီးနှုတ်ဆက်သွားတယ်

ကျွန်တော်ငိုပြီး သူမကျွန်တော့်ကိုထားသွားပြီး

"အဟီး အမေ သော်က မရှိတော့ဘူး သားဘယ်လိုလုပ်ရမလဲ သားသူ့ကိုချစ်တယ် "

သားရယ် အမေ လဲခံစားရတာပဲ သမီးလေးလိုချစ်ခဲ့တာ အဲနားကလူပြောတာက ကားနဲ့ ရည်ရွယ်ချက်ရှိရှိတိုက်သွားတာအဲကောင်ဘယ်သူလဲ သားသိလား "

အမေပြောမှသတိရတယ် အဲကောင် အနှိုင်းမဲ့ ငါပြန်သတ်မယ်မင်းကို ကျွန်တော်အသားတွေတဆတ်ဆတ်တုန်လာတယ်ဒေါသထွက်လွန်းလို့ မုန်းတယ် မင်းကို ငါအရမ်းမုန်းတယ် မင်းဘဝကိုငါဖျက်ဆီးပြမယ် စောင့်နေ ငါ့ဘဝပြိုလဲသလို မင်းလဲပြိုလဲစေရမယ်

မပြောမဆို အဲညတွင်းချင်းပဲ အနှိုင်းမဲ့အိမ်ကိုသွားပြီး

"အနှိုင်းမဲ့ ဟေ့ကောင် ခွေးကောင် ထွက်ခဲ့စမ်း လူတစ်ယောက်လုံးကိုကားနဲ့တိုက်သတ်ပြီး အိမ်မှာပုန်းနေတာပေါ့ ဟုတ်လား "

"သခင်လေး အိမ်ရှေ့မှာ လူတစ်ယောက်သောင်းကျန်းနေတယ် "

ပြုတင်းပေါက်က လိုက်ကာစကို ပိတ်ပြီး

🌿အကြင်နာလက်တစ်ကမ်း🌿 ( 🌿အၾကင္နာလက္တစ္ကမ္း🌿)Where stories live. Discover now