Empty House - 1

882 47 19
                                    

Unicode

ဒီနေ့ ထပ်ပြီး နောက်မကျစေဖို့ ဝသုန် ခပ်သုတ်သုတ်လုပ်နေရသည် ကိုယ်လို အအိပ်ပုတ်က Alarm မှ မပေးထားရင် ထဖို့က မဖြစ်နိုင် ကျောင်းအမြဲနောက်ကျလို့ ခဏခဏလဲ အဆူခံထိတယ်
လှေကားကနေ ပြေးဆင်းလာရင်း စားပွဲပေါ် တင်ထားတဲ့ ထမင်းဘူးယူပြီး အမေ့ကို နှုတ်ဆက်လိုက်သည်

"အမေ ဝသုန် ကျောင်းသွားတော့မယ်နော်"

"အေး သမီး ကောင်းကောင်းသွား "

"ဟုတ်"

လမ်းထိပ်ရောက်တော့ အကိုကြီး သူငယ်ချင်း ကိုချစ်ရင်ထူး နဲ့ တန်းတိုးတော့တယ် သူ့ကြည့်လိုက်တိုင်း အမြဲစပ်ဖြဲဖြဲ မျက်နှာနဲ့ မျက်နှာပိုးကို မသေဘူး

"အကို  လမ်းထဲဘာလာလုပ်တာလဲ "

သူမလေးကိုမြင်ရင် လူက အလိုလို ပြုံးပျော်နေတာ ရပ်တန့်လို့မရ ဒါကိုပဲ သူမလေးက ကိုယ့်ကို မျက်နှာရူးထင်ပြီး မကြည်ချင်

"အဟဲ ဝသုန်လေးကို အကြိုအပို့ လုပ်မလို့လေ "

"ဟို ... ဟို..အမေ က မကြိုက်လောက်ဘူး သူစိမ်းယောကျာ်းလေး တွေနဲ့မရောခိုင်ဘူး "

သူမလေးဆီက သူစိမ်းဆိုတဲ့ စကားကြောင့် လူက နင်သွားတယ်

"အကို က သူစိမ်းမှမဟုတ်တာ ဝသုန့်အကိုကြီးရဲ့သူငယ်ချင်းပဲဟာကို"

"ဒါတော့ဒါပေါ့ အမေအခုတလောစိတ်ဖိစီးနေတယ် မမသော်က ဆုံးသွားတဲ့ကိစ္စရော အကိုကြီး  ဟိုတစ်ယောက် ကို ယူလိုက်တဲ့ကိစ္စရော ဝသုန် အမေ မကြိုက်တာတွေမလုပ်ချင်ဘူး "

"ဒါဆို ဒီလိုလုပ် နောက်တစ်လလောက်နေရင် ဝသုန့်အမေလဲ နေသားကျလောက်ပြီး အဲခါကျရင် အကို လာကြိုမယ် လက်ခံပါနော် အကို က ဝသုန်လေးကို ကားမမောင်းစေချင်လို့ပါ အန္တရာယ်များတယ် "

" OK ...OK .."

သူမရှေ့ မျက်နှာငယ်နဲ့ အတင်းကို အကြိုအပို့ လုပ်ချင်နေသောဘဲကြီးကို နားအေးပြီးရော ဆိုပြီး လက်ခံလိုက်တယ် ကားမမောင်းရတာ သက်တောင်သက်သာသေး

"တကယ်နော် ဟီးးးး...ဝသုန်လေးက ချစ်စရာလေး"

"ရှင်! "

🌿အကြင်နာလက်တစ်ကမ်း🌿 ( 🌿အၾကင္နာလက္တစ္ကမ္း🌿)Where stories live. Discover now