Unicodeချစ်ခြင်းတွေပြိုင်ရင် ဘယ်သူနိုင်မလဲမောင်....။ ငါအတိတ်တွေဆီကနေ ရုန်းထွက်ချင်လိုက်တာ...။ မိုးတွေရွာနေတယ်မောင်...။ မောင်ရောအခုချိန်အဆင်ပြေနေလောက်မလား....။ ပြေနေမယ်လို့တော့ငါထင်တာပဲ...။ ဆရာဝန်ကပြောတယ်...ငါ့မှာအချိန်သိပ်မကျန်တော့ဘူးတဲ့...။ ခုဆို မင်းဘယ်ဆီကိုများ ရွက်လွှင့်နေမလဲမောင်....ငါသိပ်သိချင်တာပဲ....။
ဂျိမ်း....!!!...
မိုးတွေခြိမ်းနေချက်ပဲမောင်ရယ်...။ဒီလိုချိန်ဆို ကော်ဖီလေးတစ်ခွက်နဲ့ တကယ်မဖတ်ဖြစ်တဲ့ စာအုပ်လေးတစ်အုပ်ကိုကိုင်ရင်း မောင့်အကြောင်းတွေးနေရတာ အကောင်းဆုံးပဲ....။
"ဆုံတွေ့တော့လဲ မိုးရွာထဲ...
ခွဲခွာတော့လဲ မိုးရွာထဲ....
အသဲခွဲမိုးရေတွေကြားမှာ
တို့နှစ်ယောက် ဆုံတွေ့ခဲ့ကြတာ...
အသဲကွဲဖို့တဲ့လား....???..."ကဗျာလေးကမေးနေပြီမောင်....။ ငါတို့...ငါတို့ကရော...အဲ့ကဗျာလေးထဲကလိုများလား...။ ငါတို့နှစ်ယောက် မိုးရေထဲမှာဆုံတွေ့ခဲ့ကြတယ်လေ မောင်...။ ငါမှတ်မိသေးတယ်မောင်...။ မိုးရေတွေထဲမှာ တိုက်မိခဲ့ကြတဲ့ငါတို့နှစ်ယောက်...။ လူချင်းတိုက်မိရုံလေးလို့ ငါထင်ခဲ့တာ...နှလုံးသားတွေပါ ခလုတ်တိုက်မိကြမယ်လို့ ငါဘယ်သိခဲ့လိမ့်မလဲ...။ ကံတရားကဆန်းကြယ်တယ် မောင်ရယ်....။ မောင်က ငါ့ Key Chain လေးကို ပြန်လာပေးတယ်...။ ငါဘာမေဂျာလဲကအစ မောင်သိနေခဲ့တာ ငါ့အတွက်တော့ထူးဆန်းခဲ့တယ်...။
"Jimin..."
"ငါ မင်းထက်အသက်ကြီး Jeon Jungkook...မလေးမစားမလုပ်စမ်းနဲ့..."
ငါဒီလိုပြောတိုင်း မောင်က နှုတ်ခမ်းလေးကိုတွန့်ကွေးပြတယ်...။ အမြဲတမ်းထီမထင်တဲ့ရုပ်နဲ့....။ မောင်က ချောပါတယ်...။ ငါ့အတွက်တော့ ကလေးလေးလိုဆိုပေမဲ့ မောင်က မောင်တို့မေဂျာမှာတော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပဲ...။
"ဒီနေ့ကျမှ ထီးယူမလာမိဘူးကွာ....ပြဿဒါးပဲ..."
"ရော့....မိုးမမိစေနဲ့...."
ကျောင်းပေါက်ဝကနေ Bus ကားဂိတ်အထိ မိုးရွာကြီးထဲ ငါဘယ်လိုပြေးရမလဲခေါင်းစားခဲ့ရတာပေါ့...။ မောင်ကလေ ဘယ်လိုကောင်လေးမှန်းကိုမသိဘူး...။ ထီးအဝါရောင်လေးတစ်ချောင်းကို ငါ့လက်ထဲထိုးထည့်ပေးခဲ့ပြီး သူကတော့ ကျောပိုးအိတ်ခေါင်းပေါ်တင်ပြီး မိုးရွာကြီးထဲ ပြေးထွက်သွားလေရဲ့...။ ငါ့ကျမိုးမမိစေနဲ့ဆိုပြီး သူကျတော့ မိုးရွာထဲပြေးသွားလိုက်တာ...။
YOU ARE READING
🌈 သက်တန့်ရောင်ခြယ် 🌈 //One Short// (Complete)
Romanceမိုးတွေခြိမ်းနေချက်ပဲမောင်ရယ်...။ဒီလိုချိန်ဆို ကော်ဖီလေးတစ်ခွက်နဲ့ တကယ်မဖတ်ဖြစ်တဲ့ စာအုပ်လေးတစ်အုပ်ကိုကိုင်ရင်း မောင့်အကြောင်းတွေးနေရတာ အကောင်းဆုံးပဲ....