Chapter - 91

2.8K 556 7
                                    

Unicode

ပုစွန်တို့ဖူးနှပ်
____________

ထောင်ထောင်နဲ့ရှောင်ယွီက သူ့ဘေးမှာအိပ်နေကြတာမို့ လင်ရှုယီ တစ်ညလုံးမအိပ်ခဲ့ရပေ။

တကယ်ဆို ရှောင်ယွီက သူ့ဘာသာအခန်းတစ်ခန်းထဲမှာအိပ်နိုင်ပေမယ့် ထောင်ထောင်က ငယ်လွန်းနေသေးသည်။ သူ့သစ်သားကုတင်လေးကလည်း ရောက်မလာသေးတာကြောင့် သူက လင်ရှုယီနဲ့သာအိပ်နိုင်သည်။ သို့သော်ငြား နေ့ခင်းတုန်းက အကြာကြီးအိပ်ထားခဲ့တာကြောင့် ထောင်ထောင်တစ်ယောက် ညပိုင်းမှာ မအိပ်ချင်ဘဲဖြစ်နေပြီး အိပ်ပျော်နိုင်ဖို့ ထောင်ထောင်နဲ့တွေ့ရဖို့သာပူဆာနေတော့သည်။ ထောင်ထောင်ထွက်သွားတာနဲ့ သူက စိတ်ချင်းဆက်နေတဲ့အတိုင်း တန်းနိုးလာသည်။ အဆုံးမှာတော့ လင်ရှုယီက ရှောင်ယွီ့ကို သူတို့နဲ့အတူအိပ်ခိုင်းလိုက်တော့သည်။

တော်သေးတာက ရှန်မိသားစုအိမ်မှာ ကုတင်အကြီးကြီးတွေရှိတာမို့ ရှောင်ယွီနှစ်ယောက်ထပ်ရှိရင်တောင် ကျပ်ညှပ်နေမှာမဟုတ်ပေ။ ရှောင်ယွီနဲ့လင်ရှုယီက မျက်နှာချင်းဆိုင်အိပ်ကြပြီး ထောင်ထောင်က သူတို့အလယ်မှာအိပ်သည်။ သူ ဘယ်ဘက်ကိုကြည့်တဲ့အခါ သူ့ပါပါးကိုတွေ့ပြီး ညာဘက်ကိုကြည့်ရင်တော့ အစ်ကိုဖြစ်သူကိုတွေ့သည်။ ဒါက သူ့ကို အရမ်းစိတ်လှုပ်ရှားစေတာမို့ သူက အဆက်မပြတ်ဟိုလှည့်သည်လှည့်လုပ်နေတော့သည်။ လင်ရှုယီမှာ မီးပိတ်ကာ သူ့ကို ငြိမ်ငြိမ်လေးအိပ်ဖို့ချော့ဖို့ကလွဲပြီး ရွေးစရာမရှိတော့ချေ။ ခဏအကြာမှာတော့ ထောင်ထောင်အိပ်ပျော်သွားပြီး အသက်ရှူသံငြိမ်သွားတာကို သူကြားလိုက်ရသည်။

လင်ရှုယီက မျက်နှာကျက်ကို ကြည့်နေပြီး လုံးဝမအိပ်ချင်ပေ။ အခု သူတို့မှာ ရုတ်တရက်ကြီးကလေးတွေရှိလာတာမို့ သူ့ခံစားချက်တွေက အုံကြွနေသည်။ ဒီလိမ္မာပြီးချစ်စရာကောင်းတဲ့ကလေးနှစ်ယောက်ပျော်ဖို့အတွက် သူ အဖေကောင်းတစ်ယောက်ဖြစ်သင့်တယ်လို့ လင်ရှုယီ ထူးထူးခြားခြားခံစားလိုက်ရသည်။

‌ရှောင်ယွီက အမှောင်ထဲကနေ မေးခွန်းတစ်ခု ရုတ်တရက်တီးတိုးမေးလာသည်။

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now