Episode 26

2.7K 226 66
                                    

Jenသည် ​နေ့ချင်းညချင်း CEOဘဝသို့​ရောက်ခဲ့ရပြန်သည်။Jisooသည် ရှယ်ယာအတက်အကျများနှင့် Jenအားထားပစ်ကာကိုယ်လွတ်ရုန်းသွားသည်မို့ jenအဖို့CEOထိုင်ခုံသည် ရင်ခုန်ဖွယ်ထပ် ရင်​မောဖွယ်ပင်။

"ည​နေကျ Jisooဆီသွားရ​အောင်" လက်မှတ်ကို ခပ်မြန်မြန်ထိုးလျက် Hanbinကိုလှမ်း​ပြောလိုက်သည်။Jisooဆီ သို့ သူမ သွား​ရောက်တိုင်းJisooဟာလက်ခံ​တွေ့ဆုံခြင်းအလျှင်းမရှိ။ သို့​သော်Jenက​တော့ဝတ္တရားမပြတ်သွားမြဲသွား​တွေ့ဆဲပင်။

"မမ​လေးနဲ့​​တွေ့ရမှာလည်းမဟုတ်ပဲ"

Hanbinက ဖိုင်တွဲ​တွေကိုတစ်​ပွေ့ကြီး​ပွေ့သယ်လျက် ​ပြောလိုက်သည်။Hanbinသည် jen၏လူယုံ​တော်လည်းဟုတ်သလို အကိုအရင်းတစ်​ယောက်လိုပင် ဖြစ်​နေ​သည်မို့ နှစ်​ယောက်သားစကား​ပြောရာ၌ အားနာခြင်းမျိုးမရှိ။

"ငါ့ကိုဘယ်တုန်းက နင့်မား တားလို့ရလို့လဲ"



အစည်းအ​ဝေးခန်းမှ သူမထွက်လာလိုက်သည်။ရုံးခန်းနှင့် ကုမဏ္ဍီအမည်တို့ကို သူမ​ မ​ပြောင်းလဲခဲ့။Jisooရှိတုန်းကအတိုင်းပင်ထား​ပေးခဲ့သည်။တကယ်တမ်းပိုင်ဆိုင်ချင်သည်က ကုမဏ္ဍီမှမဟုတ်ပဲ။

​ထောင်ဝ​ရှေ့​ရောက်​တော့အသက်ကိုခပ်မျဥ်းမျဥ်း​လေးကပ်ရှူလိုက်သည်။​အမိန့်ချပြီး နှစ်လအထိ jisooကအ​တွေ့မခံ​သော်လည်း သူမက​တော့ ​ရောက်လာခဲ့ပြန်သည်။

"နံပါတ်××××ဧည့်​တွေ့လာတယ်"

ဒီအသံကြားပြီးလျှင်ထပ်ကြားရမည့်အသံကိုသူမ စိုးထိတ်စွာ နား​ထောင်​နေမိသည်။အရင်လိုပဲ မ​တွေ့ချင်ဘူးလို့​ပြောပါတယ် ဆိုသည့်အသံက နားထဲဝယ်ကြိုတင်ကြား​ယောင်​လျက်သား။

"ထိုင်​စောင့်​ပေးပါ ​ခေါ်လာ​ပေးပါလိမ့်မယ် "

​အ​စောင့်စကား​ကြောင့် သူမမှင်သက်သွားသည်။အ​စောင့်အား​ကျေးဇူးတင်စကားအခါခါဆိုလျက် ထိုင်ခုံတွင်အသာ​လေးဝင်ထိုင်လိုက်သည်။

"​ချောက်!"
​​ထောင်တံခါးဝပွင့်လာသည်နှင့် သူမချက်ချင်းပင်မတ်တပ်ရပ်မိလိုက်သည်။

You've reached the end of published parts.

⏰ Last updated: Jul 19, 2022 ⏰

Add this story to your Library to get notified about new parts!

My mom lover is my sisterWhere stories live. Discover now