Chapter - 92

2.7K 522 6
                                    

Unicode

ကိုလာကြက်တောင်ပံ
___________________

ကလေးထိန်းအဖြစ်ပါခန့်ထားခံရတဲ့ဆရာဝန်မက ချန်မျိုးရိုးဖြစ်ပြီး သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးဖြစ်သည်။ သူမက သူမကို အန်တီချန်လို့ခေါ်ဖို့ပြောခဲ့ပြီး သူမအသက်က လေးဆယ်ခန့်ရှိသည်။ သူမက မဝဘဲ သပ်ရပ်သန့်ရှင်းသည်။ သူမကိုယ်ပေါ်မှာ လွန်ကဲလွန်းတဲ့ရေမွှေးနံ့တွေမရှိဘဲ သူမက ကြင်နာတတ်ပြီးဖော်ရွေတတ်ပုံပေါ်သည်။ သူမရဲ့အပြုအမူတွေမှာပဲဖြစ်ဖြစ်၊ တခြားအရာတွေမှာပဲဖြစ်ဖြစ် အမှားရှာစရာမရှိပေ။ တစ်ချက်ကြည့်ရုံနဲ့ သူမက ကလေးတွေသဘောကျတဲ့လူမျိုးဖြစ်တယ်ဆိုတာ လွယ်လွယ်ပြောနိုင်သည်။

ဒီလိုလူမျိုးက ကလေးတွေကိုဂရုစိုက်ဖို့အရည်အချင်းပြည့်မှီသင့်ပေမယ့် ဒါတွေက အဓိကအချက်တွေမဟုတ်ပေ။ အဓိကအချက်က သူမ ကလေးထိန်းလုပ်နေစဉ်မှာ သူမရဲ့ကလေးအထူးကုအတွေ့အကြုံတွေ့ကလည်း အတော်လေးကြွာ်ဝတာပင်။ ဒီလိုလူမျိုးကို နိုင်ငံတွင်းမှာရှာတွေ့ဖို့မလွယ်တာမို့ ရှန်ဖူက သူမကိုအလုပ်ခန့်နိုင်ဖို့ အများကြီးကြိုးစားခဲ့ရသည်။ ဒါ့အပြင် ထောင်ထောင့်ရဲ့ထူးခြားတဲ့အခြေအနေကြောင့် သာမန်ကလေးထိန်းတွေ ထောင်ထောင့်ကိုသောင့်ရှောက်တာကို သူတို့စိတ်မချတာကြောင့် သူမရဲ့လစာက သာမန်ကလေးထိန်းတွေထက်အများကြီးပိုမြင့်သည်။

ထောင်ထောင့်ရဲ့ဆေးဖိုင်ကိုသေချာကြည့်ပြီးနောက် အန်တီချန်က သူမနားလည်ကြောင်းပြဖို့ခေါင်းငြိမ့်လိုက်ပြီး အလုပ်ကိုလက်ခံဖို့ဆုံးဖြတ်လိုက်သည်။

ရှောင်ယွီနဲ့ထောင်ထောင်တို့အခန်းကိုလည်း အန်တီချန်က သေချာကြည့်သည်။ရိုးရှင်းတဲ့သစ်သားကုတင်နဲ့အဝတ်ဗီရိုကလွဲပြီး ကျန်တဲ့ပစ္စည်းတွေကိုမထည့်ရသေးပေ။ အန်တီချန့်ညွှန်ကြားမှုအောက်မှာ ရှန်ဖူက ထည့်ဖို့လိုအပ်တဲ့ပစ္စည်းတွေအများကြီးကိုချရေးသည်။

ဖိုးဖိုးရှန်နဲ့ကျန်တဲ့လူတွေက ဧည့်ခန်းထဲမှာထိုင်နေကာ စကားပြောနေကြပြီး ရှောင်ယွီက ထောင်ထောင်နဲ့ကစားပေးနေသည်။ ရှန်ဖူနဲ့လင်ရှုယီက အန်တီချန့်စကားအတိုင်း ကလေးတွေရဲ့အခန်းကို သေသပ်အောင်ထပ်လုပ်ကြသည်။

I'm a Chef in the Modern Era [Myanmar Translation]Tempat cerita menjadi hidup. Temukan sekarang