Ch 15

5.3K 455 27
                                    

[A/N အပိုင်း 7 မှာ ကိုယ်ဇာတ်လိုက် လီဗြောင်ထယ် နေရာမှာ ဂင်ဂျယ်ဟာဆိုပြီးတော့လား မသိဘူး ထည့်လိုက်မိတယ် အခုတော့ပြန်ပြင်လိုက်ပါပြီရှင့်။ လာပြောတဲ့ကလေးကိုကျေးဇူးတင်ပါတယ်နော်...ပြီးတော့ ဆုန်းအီထယ်ရဲ့ pheromoneနံ့က နို့နံ့ပါနော် ကိုယ်ပြန်ပြောင်းထားတယ်...btw ဒီအပိုင်းက dirty jokes တွေပါပါတယ်]

မနေ့ညက သူ့ညီလေးကိုချော့မော့ပြီးနောက် ဒီနေ့မနက်ကျောင်းတက်ချိန်တွင်တော့ ဗြောင်ထယ်တစ်ယောက်အတော်ပင်ပြိုင်းနေလေပြီ။(You know what i mean?🌚)

သို့သော်လဲ အီထယ့်ကိုမတွေ့ရမည်စိုး၍ကျောင်းကိုသာအားတင်းလာခဲ့လိုက်သည်။ကားပေါ်ကဆင်းကာ ကျောင်းဝန်းထဲဝင်လိုက်သည်နှင့် ကျောင်းဝန်းထဲရှိ ဟိုတစ်စု၊ သည်တစ်စု စာလုပ်နေသော ကျောင်းသား၊ ကျောင်းသူများကသူ့ကိုလှည့်ကြည့်ကြလေသည်။မျက်တွင်းဟောက်ပက်ဖြစ်နေသော်လဲ သူ၏ချောမောမှုကလျော့မသွားပေ။

ကျောင်းခန်းအတွင်းဝင်သွားလိုက်သော် အခန်းနောက်ဆုံးတွင်ထိုင်နေသောအီထယ်က သူ့ကိုလက်လှမ်းပြလိုက်သည်။သူလဲ အီထယ့်အနားရှိသူ့ထိုင်ခုံနေရာတွင်ဝင်ထိုင်လိုက်သည်။အခန်းတွင်းရှိစာသင်ခုံများမှာ တစ်ခုံနှင့်တစ်ခုံ လူတစ်ကိုယ်ဝင်စာကျော် ခြားလေသည်။ခုံချင်းကပ်ရပ်ထိုင်ကြသည့် ထိုင်ခုံဖော်များကသာ နီးနီးကပ်ကပ်ရှိလေသည်။

"ဒီမှာ မင်းအတွက်မနက်စာ ပေါင်မုန့်..."

ထိုင်ခုံတွင်ဝင်ထိုင်လိုက်သည်နှင့် သူ့ဆီကိုပေါင်မုန့်ကမ်းပေးကာ အီထယ်ကပြောလိုက်သည်။သူလဲ အီထယ့်ဆီက ပေါင်မုန့်ကိုယူကာ စားပွဲပေါ် ထိုပေါင်မုန့်လုံးလုံးလေးကိုတင်လိုက်လေသည်။ထိုပေါင်မုန့်လေးသည် နို့ပေါင်မုန့်ဖြစ်ဟန်တူကာ ဖြူတင်းအိစက်နေလေသည်။အီထယ်၏တင်ပါးလေးတွေကလဲ ဒီပေါင်မုန့်လေးလိုပင်ဖြစ်မည်ဟု စိတ်ထဲမှ မဆီမဆိုင်တွေးလိုက်မိသေးသည်။

အတွေးနှင့်အတူ လက်ကလဲ ပေါင်မုန့်ထုပ်ကို ဖောက်ကာ ပေါင်မုန့်လေးကို စားပွဲပေါ်တွင် စက္ကူလေးတစ်ခုခံကာ တင်လိုက်သည်။ပြီးကာမှ အီထယ် မမြင်မြင်အောင် ထိုပေါင်မုန့်လုံးလေးကို သူ၏လက်ရှည်ရှည်သွယ်သွယ်များဖြင့် ဆုပ်နယ်ပြလိုက်လေသည်။ပေါင်မုန့်ပုံစံလေးက နှစ်လုံးပူးပုံစံလေးဖြစ်သဖြင့် ထိုပေါင်မုန့်အလယ်ကြားလေးကိုလဲ လက်ခလယ်ဖြင့်ပွတ်သပ်လိုက်သေးသည်။

ဘုရားစူး!ငါကဗီလိန်ပါဟ ဇာတ်လိုက်မ မဟုတ်ဘူးလို့ [Normal]Where stories live. Discover now