"Unexpected Love" အပိုင်း-(၆)

7 1 0
                                    

Unicode

           ကျွန်တော့် ဝမ်းနည်းစိတ်တွေသည် ထိုသူ ထွက်သွားကတည်းက    ပူပင်စိတ်အဖြစ်     အသွင်
ပြောင်းသွားသည်။ တစုံတယောက်ကို ဂရုစိုက်ပူပန်
ပေးရသည်မှာ ကျွန်တော့်ဘဝတွင်တခါမှမရှိခဲ့ဖူးပါ။
ထိုစိုးရိမ်ပူပန်စိတ်သည်   ရာပြည့်ကြောင့်ဖြစ်သည်။  ရာပြည့်ကြောင့်     ဝမ်းနည်း စိတ်ထိခိုက်ထားသော
ကျွန်တော်သည် ချက်ချင်းပင်လျှင်  ရာပြည့်အတွက်
စိုးရိမ်ပူပန်နေမိတော့သည်။

"ရာပြည့် အဆင်ပြေပါ့မလား။ ဘာကိစ္စရှိလို့
ငါ့ကို ဘာမှမပြောပဲ ထွက်သွားရတာလဲ။ သူ
တယောက်တည်း ကိစ္စတခုကို ဖုံးကွယ်ထား
ချင်တာများလား။ ဟာမသိတော့ဘူး    ဒါပေ
မယ့်    သူငါ့ကို   ဆက်ဆံတဲ့ပုံစံက   အရင်လို
မဟုတ်ဘူး  အရမ်းကွာခြားနေတယ်။ သူဒီလို
ဖြစ်နေရတာက ငါ့ကြောင့်များလား"

          ဝေခွဲမရစွာနဲ့ပဲ ကျွန်တော့် စိတ်ကို ထိန်းချုပ်
ကာ   အိမ်ပြန်နိုင်ဖို့ကိုပင်   အားမွေးနေရတော့သည်။ 
ကျွန်တော် အိမ်သို့ ပြန်လျှင်လည်း ဘာမှထူးခြားမည်
မဟုတ်။ ကျွန်တော့်မွေးနေ့ကို   ကျွန်တော်ကိုယ်တိုင်
တောင် သေချာမသိခဲ့ပေ။ ထို့ကြောင့် ကျွန်တော့်မွေး
နေ့ကို  ဂရုတစိုက်ထားပြီး ဂုဏ်ပြုပွဲလုပ်ပေးဖို့လည်း    လိုမည်မဟုတ်။ သို့ပေမယ့်       ကျွန်တော့်မွေးနေ့ကို
ပထမဦးဆုံးဂုဏ်ပြုပေးခဲ့ဖူးသူမှာ ရာပြည့်ဖြစ်သည်။ ဒါကြောင့် ကျွန်တော် ပိုခံစားရသည်။

လွန်ခဲ့သော (၁၅)နှစ်ခန့်က

"ဟျောင့် ဝန်သု့ မနက်ဖြန်  ငါ့မွေးနေ့
မင်းလာခဲ့    ငါ့အိမ်မှာ  ကိတ်ခွဲမှာကွ"

"အင်း လာခဲ့မယ်"

"လက်ဆောင်ဝယ်ခဲ့ဖို့လည်း မမေ့နဲ့ဦး"

"လက်ဆောင် ဟုတ်လား"

"အေးလေ မွေးနေ့ဆိုတာ လက်ဆောင်ပေးပြီး
ဂုဏ်ပြုရတာလေ မသိဘူးလား။ ငါလည်း မင်း
မွေးနေ့ကျရင် လက်ဆောင်ပေးပြီး ဂုဏ်ပြုပေး
မှာ။"

"Unexpected Love"Where stories live. Discover now