အိပ်ရာပေါ်တွင် ကိုကိုမောင်ရင်ခွင်ထဲ၌ရောင်နီတစ်ယောက်ဖက်ကာမှေးစက်လျက်ရှိသည်။ရုတ်တရက်တွေ့လိုက်ရတဲ့ အရာတစ်ခုကြောင့် ရောင်နီမေးခွန်းထုတ်ချင်သွားသည်။ဒီတော့....
"မောင် ဒီအမာရွတ်ကဘယ်ကရတာလဲအရင်ကတစ်ခါမှ မတွေ့ဖူးဘူး "
ကိုကိုမောင်က ပြုံးလိုက်သည်။ထိုနောက်
"ဒီဒဏ်ရာ အမာရွတ်ကိုမြင်တိုင်း အတိတ်ဆိုးတစ်ခုကိုအမြဲအမှတ်ရစေအောင်ထားထားတာ"
"နာလားဟင်....."
"ဒီရင်ဘက်ထဲက ခံစားရတဲ့ဝေဒနာတွေလောက်မနာဘူး....ငါမင်းကိုမေးစရာရှိတယ်ရောင်နီ"
"မောင်ဘာမေးချင်တာလဲ...."
"ငါကမေးရင် အမှန်တိုင်းဖြေတာပဲကြိုက်တယ် လိမ်တဲ့အကျိုးဆက်ကိုမင်း သိမှာပါ....."
"......."
"မင်း ငါ့ကိုချစ်နေတာလား?"
ရောင်နီကကိုကိုမောင်ဘက်သို့လှည့်ကြည့်လျက်မျက်နှာကိုစိုက်ကြည့်နေသည်။ပြီးနောက်...
"ချစ်တယ်လို့ပြောလိုက်ရင်ရော ပြောင်းလဲသွားမယ့်အရာရှိလား....မချစ်ဘူးလို့ဖြေရင်ရော ဘာထူးခြားသွားမလဲ..?"
"မင်းမချစ်မနှစ်သက်တဲ့ လူတစ်ယောက်အနားမှာဟန်ဆောင်မျက်နှာဖုံးနဲ့နေရတာမပင်ပန်းဘူးလား"
"မောင့်ကို ချစ်သည်ဖြစ်စေ၊ မချစ်သည်ဖြစ်စေ၊
ဒီဘဝ ဒီအမျှမှာတော့ ကျွန်တော်ကမောင့်အနားမှာဘဲ နေဖို့ ကံပါလာသည်နဲ့တူပါရဲ့.....""မင်းရဲ့အဖေကိုငါသတ်ထားတယ်လို့ မင်းထင်လား..."
ရောင်နီဘာမှပင်မပြောနှုတ်ဆိတ်နေမိသည်။သို့ပေမယ့် ခပ်ယဲ့ယဲ့လေးပြုံးလျက်
"ကျွန်တော်မမြင်ရတဲ့အရာတစ်ခုအတွက်ကြောင့် ဒီအဖြေကိုမဖြေနိုင်ဘူး။တကယ်လို့မောင်သတ်ခဲ့တယ်ဆိုရင်တောင် ကျွန်တော့်လို့ သာမန်ကောင်လေးတစ်ယောက်က ဘာများ လုပ်နိုင်မှာမို့လဲ"
ကိုကိုမောင်က ကုတင်ပေါ်မှ ထလိုက်ပြီး စားပွဲဘေးတွင် ရှိတဲ့ အဝတ်တစ်ချို့ကိုကောက်ယူကာဝတ်ပြီး ကုတင်ပေါ်မှဆင်းလိုက်သည်။