Ch 51

200K 12.1K 3.8K
                                    

Unicode

ဝေလင်းရှိန်ရှေ့ တရှုံ့ရှုံ့ငိုနေသည့်ကောင်လေးသည် မျက်နှာလေးတွေရဲနေပေသည်။ တစ်နေကုန် ကြည်မနေသည့်စိတ်တို့ကြောင့် ဒေါသထွက်မိမည်စိုး၍ လျစ်လျူရှုထားပေမယ့် ဒီကောင်လေးသည် ဝေလင်းရှိန်ဒေါသတို့ကို အစလာဆွဲထုတ်နေလေပြီ။ အခုတော့ ဘယ်ကရလာသည့်နည်းအသစ်ကိုစမ်းနေမှန်းမသိပေမယ့် သူရိန်ဆိုသည့်ကောင်လေးကို ဝေလင်းရှိန်အလိုလိုက်မှုတို့တွင် ထိုသို့စည်းလွတ်၀ါးလွတ်အပြုအမူတို့ကို ပါ၀င်လာစေဖို့ခွင့်ပြုပေးမည်မဟုတ်။

"မိုးမိုး!!"

အိမ်ပြန်ရောက်လာကတည်းက အခြေအနေမကောင်းမှန်းရိပ်မိသည်ကြောင့်ကွက်ကြည့်ကွက်ကြည့်ဖြစ်နေသည့် ဖြိုးအောင်အမျိုးသမီး မိုးမိုးသည် အခုလည်း ဧည့်ခန်း၀ ကုတ်ချောင်းကုတ်ချောင်းနှင့်။ ထို့ကြောင့် ဝေလင်းရှိန် အသံကြားသည်နှင့် အပြေးတစ်ပိုင်းပင် ဧည့်ခန်းထဲရောက်လာ၏

"ရှင်....ဆရာ"

"အခန်းထဲသွား....suitcase တစ်ခုထဲ သူရိန့်အ၀တ်အစားတွေထည့်ယူခဲ့။ ပြီးရင် ကြက်မွှေးအရှည် တစ်ချောင်းပါယူခဲ့ ...... မြန်မြန်သွား!"

"ဟုတ်....ဟုတ်ကဲ့ ဆရာ"

ကြက်မွှေးအသံကြားသည်နှင့် ငိုသံလေးတွေပိုစိတ်လာသည့်ကောင်လေးကိုဝေလင်းရှိန်အကြည့်မလွှဲစွာစိုက်ကြည့်နေမိသည်။ ၀မ်းနည်းနေသည်ကို သိပေမယ့် ဝေလင်းရှိန်ဒီကိစ္စကိုအလိုမလိုက်ပေးနိုင်။ အကြောင်းက ဝေလင်းရှိန်ကို သူစိတ်ဆိုးသည်ကြောင့် အိမ်ပေါ်က ဆင်းဖို့ကြိုးစားနေခြင်းကြောင့်ပင်။

ဘယ်ကတတ်လာသည့်အတတ်ကောင်းမှန်းမသိ။ နည်းနည်းဆူမိသည်နှင့် အိမ်ပေါ်က ဆင်းဖို့ ပြောတတ်နေလေပြီ။ ဘာကိုစိတ်ဆိုးသည် ဘာကိုစိတ်ကောက်သည်ဆက်မမေးချင်။ ကားပါကင်ထဲသောင်းကျန်းခဲ့သမျှ လျစ်လျူရှုပေးဖို့လုပ်ခဲ့ပေမယ့် ဒီကောင်လေး ဝေလင်းရှိန် ကို လာစိန်ခေါ်နေလေပြီ။

"မတ်တပ်ရပ် ..... ရှေ့လာရပ်မယ်......မင်းကိုဒီနေ့ အပိုးကျိုးအောင်လုပ်ပေးမယ်"

လေသံမာမာပြောမိတော့အဆက်မပြတ်ကျနေသည့်မျက်ရည်များကိုပွတ်ဆွဲသုတ်ကာ လာရပ်သည့်ကောင်လေးသည် ဆူပုပ်ပုပ်မျက်နှာကိုတော့ မပြင်သေး။ မျက်မှောင်ကြုံ့ စိုက်ကြည့်နေမိသည့်အခါ မျက်လုံးလေးတစ်ချက်၀င့်ကြည့်လာသည့်ကောင်လေးသည်ဝေလင်းရှိန်မျက်လုံးထဲမှ ဒေါသရိပ်တချို့ကိုမြင်သည့်အခါ ချက်ချင်း မျက်လွှာပြန်ချသွား၏

သက်ဆိုင်သူ (Unicode+Zawgyi)Donde viven las historias. Descúbrelo ahora