တစ်ရက်ပြီးတစ်ရက် စန္ဒာစောင့်နေပေမဲ့ သူမ ပေါ်မလာခဲ့ပါ။တစ်ပတ်မှာ နှစ်ခါလောက်လာသည့် ရှိုင်းသီဟတောင် ရောက်လာပါသေးသည်။သူမကိုစောင့်သည့်ရက်တိုင်း ပန်းချီကားချပ် တစ်ပုံတော့ဆွဲပြီးသည်။
နှစ်ပတ်မြောက်နေ့မှာ ခွန်းလဲ့ရောက်လာခဲ့တယ်။ခွန်းလဲ့ရောက်လာတော့ စန္ဒာပျော်ရွှင်လို့မဆုံး။သို့သော်...အရင်ကတည်းကသွေးရောင်မရှိသည့် သူမ၏ပန်းနုရောင်နှုတ်ခမ်းပါးလေးက အခုတော့ဖြူဖတ်လို့နေသည်။
သူမကတော့ အားအင်မရှိသည့်အသံဖြင့် ထိုင်နေကျခုံတန်းရှည်ဆီသို့ သွားဖို့ပြောလာသဖြင့် ထိုနေရာကိုရောက်သွားလေသည်။
"ခွန်း...နင်နေမကောင်းဘူးလား..."
"ဟင်?"
"နင်ဘာတွေအတွေးလွန်နေတာလဲ...ငါမေးတာနင် နေမကောင်းဘူးလားလို့"
ခွန်းလဲ့ကသူမ၏ ဘေးမှာထိုင်နေတာမို့လို့ ခွန်းလဲ့၏ ပုခုံးနှစ်ဖက်ကို ဆွဲလှုပ်ကာမေးလိုက်သည်။သူမတစ်ကယ် အားအင်ချိနဲ့နေသည့်ပုံပင်။ ပုံမှန် ဖြေးဖြေးလေး လှုပ်ခါလိုက်ပေမဲ့ သူမကယိမ်းထိုးပါလာတာကြောင့်လေ။
အသက်ရှူကြပ်နေသည့် ပုံပေါ်သည့် သူမက တစ်ခါတစ်ခါ မျက်ဖြူလန်သွားသည်။"ငါ...ငါအဆင်ပြေတယ်...အယွင်း...ငါတို့နောက်ထပ်... မတွေ့ရတော့ဘူးထင်တယ်"
စကားတစ်လုံးချင်းစီ အားယူပြီးပြောနေသည့် ခွန်းလဲ့၏အသံက အက်ကွဲနေသည်။
"ဘာပြောလိုက်တာ..."
"ငါတို့နောက်ထပ်...မတွေ့ပဲနေကြရအောင်"
ခုနကလေသံ၊ခုနကစကားမဟုတ်တော့ဘူး။စန္ဒာ၏ ရင်ထဲမှာ အမောဆို့သွားလေသည်။အရင်ကမွန်းကြပ်ခဲ့ရတာတွေထက် ဆယ်ဆပိုမွန်းကြပ်လာသည်။ထွက်ပြေးချင်တယ်....လွတ်မြောက်ချင်တယ်။ဒီမွန်းကြပ်မှုဒဏ်ကနေ။
"နင်...ငါ့ကိုစနေတာမလား ခွန်း"
စန္ဒာ၏ အသံမှာငိုသံပါလာသည်။မျက်ဝန်းထဲမှာလည်း မျက်ရည်စတွေပြည့်လျှံလာလို့။
"ခွန်း...ဖြေလေ...ငါ့ကိုဒီလိုမစရဘူးလေ...စနေတာမလား...ဟုတ်တယ်မလား"
YOU ARE READING
ယွင်း(Complete)
Novela Juvenilခံစားချက်ဆိုတာ ပန်းချီကားတစ်ချပ်လိုပဲ။ Oc Uni+Zg ခံစားချက်ဆိုတာ ပန်းချီကားတစ်ချပ်လိုပဲ။