Unicode
'ရှောင်းကျန့် အဖြေလွှာကို ငါတို့ရဲ့ ဖောက်သည်သခင်လေးလက်ထဲထိ သေချာရောက်အောင်ပေးခဲ့။ သခင်လေးက ဘယ်သူဘယ်ဝါဆိုတာ မင်းမြင်ခွင့်မရှိဘူး။ ချိန်းထားတဲ့နေရာရောက်ရင် မင်းက အပြင်ကနေပဲ လှမ်းပေးလိုက် အထဲထိမဝင်နဲ့နော်။'
ရှောင်းကျန့် ဆိုင်ရှင်သူဌေးပြောထားသည့်အတိုင်း တောစပ်မှ အိမ်အပျက်ဆီသို့ လျှောက်လာလိုက်သည်။ လက်ထဲမှ အဖြေလွှာကို ကျစ်ကျစ်ပါအောင် ပိုက်ထားရင်း ဘေးဘီကိုမလုံမလဲနှင့် ကြည့်လိုက်သည်။ အချိန်က မနက်ဝေလီဝေလင်းမို့ လမ်းတစ်လျှောက်လူများရှင်းလင်းနေမှ ရှောင်းကျန့် သက်ပြင်းချမိသည်။ ဒီလိုခိုးကြောင်ခိုးဝှက်အလုပ်မျိုးလုပ်ရတာ ဒီတစ်ခေါက်နောက်ဆုံးပင်။ နောက်များတော့ ငွေဆအလျှံအပယ်ပုံပေးတောင် မလုပ်တော့ပါ။
"အရှေ့က အိမ်အပျက်ပဲဖြစ်ရမယ်"
ခပ်လှမ်းလှမ်းမှာ မြင်နေရသည့် အိမ်အပျက်တစ်လုံး။ လူမနေသည်မှာ အတန်ကြာပြီမို့ ဟောင်းနွမ်းစုတ်ပြတ်နေလေသည်။ ရှောင်းကျန့် လူရှိမရှိ စစ်ဆေးရန် အနားသွားကာ အသံနားထောင်ကြည့်တော့ တိတ်ဆိတ်နေသည်နှင့် အသံပေးကြည့်လိုက်ဖို့ ဆုံးဖြတ်လိုက်သည်။
"သခင်လေးခင်ဗျာ.....ကျွန်တော်က စာအုပ်ဆိုင်က အလုပ်သမားပါ။ သခင်လေးမှာထားတဲ့ စာအုပ်လာပို့တာပါခင်ဗျ"
အထဲမှ တုံ့ပြန်မှု တစ်စုံတစ်ရာမှ ထွက်မလာသေး။
"သခင်လေးခင်ဗျ.....အထဲမှာ ရှိပါသလား"
ရှောင်းကျန့် အနည်းငယ်ဇဝေဇဝါဖြစ်သွားရသည်။ သူချိန်းထားသည့် အချိန်နှင့်နေရာကို အတိအကျရောက်လာခဲ့သည်ပဲလေ။
"အထဲမှာ လူမရှိဘူးထင်တယ်"
ထိုစဉ်အထဲမှ လူရိပ်တွေ့လိုက်သည်နှင့် ရှောင်းကျန့် အားတက်သရောဖြစ်သွားကာ
"သခင်လေး....ကျွန်တော်....အင့်....!!!"
ရုတ်တရက်တံခါးပွင့်ဟလာကာ သူ့ကို လှမ်းဆွဲလိုက်သည့် လက်တစ်ဖက်ကြောင့် လူတစ်ကိုယ်လုံးတဲအတွင်းသို့ရောက်သွားသည်။ ဆိုင်ရှင်သူဌေးက သခင်လေးမျက်နှာကို မြင်ခွင့်မရှိဟုမှာထားသည်မို့ မျက်ဝန်းတို့က စုံမှိတ်လျက်သား။
VOUS LISEZ
Rúyǎ Fēngdù 儒雅风度
Fanfiction儒雅风度 - Elegant Demeanor Ancient Detective Story This is a stroy of Sleuth Baili Wang Yibo and his beloved soulmate Prince Xiao Zhan.