// 1//

9.6K 272 49
                                    

//1//

“  ကျွန်မရဲ့ ဖြစ်ပုံ ၊ ဖြစ်ပုံအဆန်းစုံ ပွဲစျေးတန်း လျှောက်မိလို့ မောင်ကြီးနဲ့ဆုံသလေတော့....... မြင်မြင်ချင်းအသိ မောင်ကြီးအကြည့်ကလိနေပုံ.......ပျိုလေးမိရွှေဘဝင်.....အသိမ့်သိမ့်လှိုက်လို့တုန်......မြန်လှချည်ရဲ့....ချစ်မိတဲ့......ချစ်အာရုံ.........”

ရွာတောင်ပိုင်း ရှိ အလှူမဏ္ဍပ်ဆီမှ မည်သူလက်ကမြင်းလိုက်သည် မသိ တစ်ခေတ်တစ်ခါက နာမည်ကျော်ကြားခဲ့သော “ ချစ်အာရုံ ” သီချင်းသံက ပျံ့လွင့်လာသည်။

လုလင်ပျိုသည် သဘောတကျပြုံး လိုက်ရင်း စိတ်ထဲတွေးလိုက်သည်။
ညနေ ပွဲစျေးရှိတာနဲ့ အတော်ပဲ သီချင်းနဲ့ကိုက်နေရော~

လုလင်ပျိုတို့ ရွာလေးသည် မြို့နှင့် ၂မိုင်သာ ဝေးကာ ဆိုင်ကယ်ဖြင့်ဆိုလျှင် ၁၅မိနစ်ခန့်သာ သွားရသည်။ရွာလေးက ငယ်သော်လည်း လျှပ်စစ်မီးရှိသည့်အပြင် ရွာလမ်းကလည်း ကွန်ဂရစ်လမ်းဖြစ်သည်။ရွာရှိလူတိုင်းလိုလို ခြံဝန်းကျယ်ကျယ်များပိုင်ကာ...ကွမ်းသီး၊ ငှက်ပျောသီး၊ ဓနိ၊ အုန်း စသည်တို့ကို စိုက်ပျိုးထားကြသည်။ခြံနောက်ဘက်တွင်လည်း လယ်ကွင်းများက ဆက်၍ တည်ရှိသည်။ လယ်ပိုင်ယာပိုင်မရှိသူများက ကွမ်းသီးပင်၊ အုန်းပင် တက်၍ အသက်မွေးကြသလို သူရင်းငှားလုပ်ကြသူများလည်းရှိသည်။

စပါးပေါ်ချိန် ငွေလည်းရွှင်သည်မို့  မြန်မာလူမျိုးတို့သည် ရှင်ပြုနားသ အလှူပြုလုပ်ကြသည်။ယခုလည်း ရွာတောင်ပိုင်းက ​ဒေါ်မယ်လှက အလှူပွဲကြီးကျင်းပခြင်းဖြစ်သည်။ နာမည်ကြီးဆိုင်းပါ ငှားထားသည်မို့ ညနေ ပွဲစျေးပါရှိသည်။အလှူရှိတိုင်း ဆိုင်းဝိုင်းပါ, ပါက ပွဲစျေးပါ ရှိသည်မို့ ရွားနီးချုပ်စပ်ကပါ လာရောက်ကြသည်။အလွန်စည်သည်ဟု ပြော၍ ရသည်။

“ ဖိတ်လို့သာ.....ဖိတ်ရတာ....စိတ်ကတော့ သိပ်မလုံပါရှင်........မောင်ကြီးလာမယ့်လမ်း......မျှော်မှန်း........ပျိုလေး.....ချစ်အာရုံ...........”

သီချင်းလေး လိုက်ညည်းလိုက်ရင်း ညနေစောင်းခါနီးရင် ပွဲစျေးလျှောက်မည်မို့ရေချိုးနေစဥ် အရှေ့ဘက်မှ အသံဗြဲ ကြီးကို ကြားလိုက်ရသည်။
“ ပျိုလေးရေ........ရေမြန်မြန်ချိုးဟ......သ, မနေနဲ့.....အပျိုအချင်းချင်းမို့.....မင်းကို ကြိုက်ကြမှာမဟုတ်ဘူး...... ”

သြော် ချစ်ဖူးစာရယ်တဲ့လေ(Completed) Where stories live. Discover now