ခြံကြီးတစ်ခြံအတွင်းမှာရှိတဲ့ တိုက်ထဲမှာ အော်သံတစ်ခုက ပျံ့လွင့်လာသည်။သေချာတာတစ်ခုကတော့ ထိုအသံက ဒေါသဖြစ်နေတဲ့အသံပင်။
"မင်းတို့ကို ငါကစောင့်ကြည့်ခိုင်းထားတာလေ ဒါကိုဘာလို့ မင်းတို့
အသုံးကိုမကျဘူး""တောင်းပန်ပါတယ်"
"တောင်းပန်တယ် မင်းတို့ကို ငါက ပိုက်ဆံပေးထားတာလေ"
"........."
"ကောင်းပြီလေ မင်းတို့ကို နောက်တစ်ကြိမ်လုပ်ခွင့်ပေးမယ်
ဒီတစ်ကြိမ်မှမရလို့ကတော့ မင်းတို့ခန္ဓာနဲ့အသက်မမြဲဘူးလို့သာမှတ်ထား
ခုချက်ချင်း သူဘယ်ရောက်သွားလဲစုံစမ်း""ဟုတ်ကဲ့ပါ"
ထိုလူတစ်စုထွက်သွားတာနဲ့ ထိုလူက အရက်ခွက်ကို နံရံသို့ ပစ်ပေါက်လိုက်သည်။
*ခွမ်း *
" တောက် ၀မ်ရိပေါ် မင်း ပြေးနိုင်တုန်း ပြေးထားပေါ့ ဘာပဲဖြစ်ဖြစ် မင်း ငါ့လက်ကမလွတ်ပါဘူး"
၀မ်ရိပေါ်နိုးလာတော့ မနက်၇နာရီ။ညက ကာတွန်းစာအုပ်တွေကို ပြီးအောင်ဖတ်ရင်းနဲ့ အိပ်ပျော်သွားတာ။
သူလဲ ရေချိုး အ၀တ်စားလဲပြီး အောက်ကိုရောက်တော့ ဦးငယ်လေးက မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေသည်။သူလဲ ၀င်သွားလိုက်ပြီး"ဦးငယ်လေး"
"ဟင် နိုးပြီလား ရိပေါ်"
"နိုးပြီ ဦးငယ်လေး ဘာတွေလုပ်"
"ထမင်းကြော်နေတာလေ"
"ဝါး မွှေးနေတာပဲ ဟိုအသီးလေးပါထည့်ကြော်နော်"
"အင်းပါ သွား ထိုင်နေ""ဟုတ် ဒါနဲ့ ကော်ဖီက ဘလက်ပဲလား"
"အင်း"
"သွားဖျော်လိုက်ဦးမယ်"
"ရေနွေးပူလောင်မယ်နော် သတိထား"
"ဟုတ်"
............................................................
သူတို့လဲ စားသောက်ပြီးတော့ ရှောင်းကျန့်လဲ ပန်းကန်ဆေးနေတုန်း ၀မ်ရိပေါ်ကအနားသွားပြီး