Unicode
"မလုပ်ပါနဲ့ နှိုင်း မဖျက်ချလိုက်ပါနဲ့ ကိုယ်တောင်းပန်ပါတယ်"
ဘယ်အချိန်ကတည်းက ကျဖို့ တာဆူနေလဲ မသိတဲ့မျက်ရည် ပါးပြင်ပေါ်စီးကျလာမှ သတိထားမိတယ်
သားသမီး ကိုယ့် သွေးသားဆိုတဲ့ စိတ်နဲ့ လက်ထပ်ပြီးကတည်းက အခုချိန်ထိ တစ်ခါမှ သူ့ကို နူးနူးညံ့ညံ့ မဆက်ဆံဖူးတဲ့ ကိုယ်က သတိမထားမိလိုက် ခင်မှာ နှိုင်း တွေ ကိုယ်တွေ နဲ့ ဖြစ်ကုန်သည်
ကိုယ့်သွေးသားရင်သွေးလေးကို လွယ်ထားနေတာပါလားဆိုတဲ့ အသိက အရင့်အရင်တချိန်က အမုန်းတွေဟာ မြူတစ်မှုန်တောင်မကျန် လွင့်စင်ပျောက်ကွယ်လို့သွား၏ကိုယ့်ကို ထူးထူးဆန်းဆန်း နှိုင်း လို့ ခေါ်တာကို ရော သူ့ကိုသူ ငါ အစား ကိုယ်လို့ ပြောင်းသွားတာရော သတိထားမိပေမယ့် မကျေနပ်နိုင် ဘာလို့ သူဒီ လောက်တောင် ကာကွယ်နေချင်နေတာလဲ မင်းဟာမ ပြန်လာလို့ ရအောင် လို့
ငါ့ကို မဖျက်ချခိုင်းတာမလား ထိုသို့သောအတွေးမျိုး တွေးလိုက်တာနဲ့ တပြိုင်နက် သွေးတွေပွက်ပွက်ဆူသလို ခံစားရသည်"ဘာလဲ မင်းဟာမကို ငါထပ်သတ်မှာစိုးနေတာလား"
"မဟုတ်ဘူး ကိုယ့်ဟာမ လဲမဟုတ်ပါဘူး အခုကကိုယ်တို့နှစ်ယောက်ရဲ့ကလေးလေ ကလေးလေးက ဘာအပြစ်မှမရှိပါဘူး သော်က ကကိုယ့်ရဲ့အချစ်ကိုရလို့ အပြစ်ရှိတယ်လို့မင်းကသတ်မှတ်ရင် ကိုယ်ဒီကလေးကိုမချစ်တော့ဘူးမင်းက မွေးပဲမွေးလာပေး နော် plz နှိုင်း plz "
ဝသာန် ပြောသာပြောလိုက်ပေမယ့် ရင်ထဲမှာနင့်ခနဲပဲ ဘယ်အဖေကများကိုယ့်သားသမီးကိုမချစ်ပဲနေမှာလဲ သူ အနှိုင်းမဲ့ စိတ်ကို ကြောက်တယ် သော်က လိုလူကောင်ကြီးကြီးကိုတောင်သတ်လိုက်တာတချက်တည်း ဒီလို အကောင်သေးသေးလေးအတွက် ဆိုဖွယ်ရာမရှိ
သူမချစ်ဘူးပြောလိုက် မှ ခုနက ဒေါသကြောင့်နီရဲ နေတဲ့ မျက်လုံးတွေ တဖြည်းဖြည်း ပုံမှန် အရောင်ဘက် ပြောင်းသွားသည်
"OK လေ မင်းမချစ်ဘူးလို့ကတိပေး ရင် ငါမွေးပေးမယ် ပြီးရင် ငါမကြည့်ဘူးနော်မင်းပဲထိန်းရမယ် "
ဝသာန်လဲ ဝမ်းသာလွန်းလို့ မျက်ရည်ကျပြန်တယ်
" ကျေးဇူးတင်ပါတယ် စိတ်ချ နှိုင်း သဘောအတိုင်းနေ နှိုင်း သဘောကျ နှိုင်း အလိုကိုလိုက်ပေးမယ်
တစ်ခုပဲ ကိုယ်တို့ကလေးကို ကောင်းကောင်းမွန်မွန်နဲ့ မွေးပေးပါနော် "
YOU ARE READING
🌿အကြင်နာလက်တစ်ကမ်း🌿 ( 🌿အၾကင္နာလက္တစ္ကမ္း🌿)
FantasyUnicode နူးညံ့ကြင်နာပြီးနွေးထွေးတဲ့ နှလုံးသားပိုင်ရှင် ကောင်လေးနဲ့ ရိုင်းစိုင်းမောက်မာပြီး အေးစက်တဲ့နှလုံးသားပိုင်ရှင် ကောင်လေးတို့ရဲ့ ဘဝအချိုးအကွေ့ မှာ ကြုံတွေ့ရတဲ့ အချစ် အမုန်း ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း Zawgyi နူးညံ့ကြင်နာပြီးနွေးထွေးတဲ့ နှလံ...