Polaroid Love

1K 111 23
                                    

[ Zawgyi ]

တချို့ကတော့ အချစ်က နွေဦးနဲ့တူတယ် လို့ ဆိုကြတယ် ။ အရောင်အသွေးစုံလင်ပြီး ထိတွေ့လိုက်သမျှ အရာအားလုံးဟာ နုသစ်လတ်ဆတ်နေတတ်လို့ နှလုံးသားကလေးက စိတ်တိုင်းကျ ခုန်လှုပ်နေတော့တာမျိုးပေါ့ ။

•••

" ဆောနူ "

ခေါ်သံနှင့်အတူ ဆောနူ၏ အရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာတဲ့ အစိမ်းနုရောင်စက်ဘီးကလေးနှင့် ရွှေအိုရောင် ဆံနွယ်တွေ၏ပိုင်ရှင် ။

" စောင့်နေရတာ ကြာသွားပြီလား , ဆောနူ ? "

" နည်းနည်းလေး ကြာသွားပြီ "

" လမ်းမှာ ကုန်ကားကြီး ပိတ်နေလို့ နောက်ကျသွားတာ .. ဒါနဲ့ ဆောနူ ရဲ့ စက်ဘီးရော "

" ဟီး ဒီနေ့ မင်းနောက်က လိုက်စီးမလို့ ထားခဲ့မယ် ။ မတင်ချင်ဘူးလို့တော့ မပြောနဲ့နော် ၊ စိတ်ဆိုးမှာ "

" မဆိုးပါဘူး ။ ဆောနူ သဘော .. "

" အိုခေ "

ဆောနူ လက်ညှိုးနဲ့ လက်မ ကို ဝိုင်းပြလိုက်ပြီးတာနှင့် ကယ်ရီယာခုံပေါ် လွှားခနဲ ခုန်တက်လိုက်သည် ။ တစ်ပြိုင်နက်တည်း အရှေ့က စက်ဘီးပိုင်ရှင်၏ ခါးကိုလည်း လက်တစ်ဖက်နှင့် ဖက်ထားပစ်လိုက်၏ ။

" ခါးဖက်ထားမယ်နော် ? ရလား "

" ရတယ် "

ရေခဲတုံးနီခီ၏ ဖြေသံကို ကြားသည်နှင့် ဆောနူ လူဆိုးအပြုံးလေးကို မသိမသာ ပြုံးဖြစ်လိုက်သည် ။ ကြိုကြံစည်ထားသမျှ အကုန်အလုပ်ဖြစ်နေတာပဲ ။ နီခီဆိုတဲ့ အဲ့ဒီ ကလေးက ဆောနူ ဘာလုပ်လုပ် တစ်ခါမှ မငြင်းဖူး ၊ အကုန် ခေါင်းညိမ့်အလိုလိုက်သည်ချည်းသာ ။ အဲ့တာကြောင့်ပဲ ဆောနူနဲ့ သိပ်သိပ်ပြီး ဓာတ်တည့်နေတာပဲပေါ့ ။

တစ်ခုပဲ ၊ အဲ့ဒီနီခီက ဦးနှောက်ပဲ သုံးပြီး နှလုံးသားအကြောင်း ဘာမှမသိတဲ့ဂြိုလ်သားကောင် ။ အဲ့ဒီလို စက်ရုပ်ဆန်ပုံနဲ့ ဆောနူ သူ့ကို ကြိုက်နေကြောင်းကိုလည်း တစ်လောကလုံးကသာ သိသွားမယ် ၊ သူကသိလာမယ့်ပုံမပေါ် ။ တကယ်ပါ ၊ ဆောနူအတွက်တော့ နီခီ့ကို တစ်ဖက်သတ် ကြိုက်နေရတာလောက် ခက်ခဲနက်နဲတာ ဒီကမ္ဘာမှာ မရှိတာ့ဘူး ။

POLAROID LOVE   [ SUNKI ]Where stories live. Discover now