244+245+246+247

1.1K 134 4
                                    

ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၂၄၄
(သက်ရှိသတ္တဝါအားလုံးအတွက်)

သူလျှို.....

အေမွန်နှင့်ဘက်ကိုတို့ ဇဝေဇဝါ ဖြစ်သွားကြသည်။

ဘက်ကိုမှာ သွေးအန်လု မတတ် ဖြစ်နေသည်။

သူ၏ ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်အလင်းတန်းများသည် ကင်ဆာဆဲလ်များကဲ့သို့ ကူးစက်ပွားများ၍ ထွက်ပေါ်လာသည်။ ရွီချ ၏ တိုက်ခိုက်ခြင်းခံလိုက်ရသော နေရာတွင် ရွှေရောင်ဗုဒ္ဓအမှတ်အသားတစ်ခုသည် ညကောင်းကင်ယံမှ အတောက်ပဆုံး ကြယ်တစ်လုံးကဲ့သို့ တောက်ပနေသည်။

'ဒါက ဗုဒ္ဓအမှတ်အသားလား'
ဘက်ကို ၏ မျက်လုံးအိမ်များ ပြူးနေသည်။ သူသည် တစ္ဆေတစ်ကောင်အား မြင်တွေ့လိုက်ရသကဲ့သို့ အံ့သြမှင်သက်နေကာ အော်ငိုလုမတတ် ဖြစ်သွားသည်။

'နင် ရူးနေပြီလား...ငါတို့က မိစ္ဆာတွေလေ...နင်က ဗုဒ္ဓလမ်းစဉ် လျှောက်လှမ်းသူ တစ်ယောက်လို လေ့ကျင့်ပြီး ဖြစ်ချင်နေပြီလား....'
အေမွန် သူ၏ အတွေးများအား ရပ်တန့်လိုက်သည်။ သူ အော်ဟစ်တော့သည်။

ပူးကပ်ခံနေရပြီ...ရွီချကို တစ်ယောက်ယောက် ဝင်ပူးနေတာပဲ... မင်းဘယ်သူလဲ ပြောစမ်း

ငါ မမွေးဖွားလာခင်တုန်းက ငါကဘယ်သူလဲ...ငါမွေးဖွားလာပြီးတော့ရော ငါကဘယ်သူလဲ...ငါကြီးပြင်းလာတဲ့အခါမှာရော ငါဆိုတာ ဘယ်သူလဲ...ငါ့ရဲ့မျက်လုံးတွေကို မှိတ်လိုက်တဲ့အခါမှာရော ငါကဘယ်သူလဲ
ရွီချ အေမွန်အား ထူးဆန်းစွာ ကြည့်လျက် ရိုသေမှုများပြည့်နေသောမျက်လုံးများဖြင့် ဆက်ပြောသည်။

နင်က အရမ်းတော်တာပဲ...ဒီလိုအခြေခံကျတဲ့ မေးခွန်းတစ်ခုကို မေးနိုင်တာပဲ...နင်လည်း ဗုဒ္ဓအရိပ် ခိုလုံသူဖြစ်ဖို့ ကံပါလာတာပဲ

အေမွန် ကြောင်တောင်တောင် ဖြစ်နေသည်။
ကံပါလာတယ် ဟုတ်လား...ရွီချ နင်ရူးနေပြီလား...နင် ဘယ်လိုလုပ် ဒီလိုဖြစ်သွားတာလဲ

အရင်ကတော့ ငါ့မှာ ရွေးချယ်စရာ မရှိခဲ့ဘူး...ဒါပေမယ့် အခုတော့ ငါလူကောင်းတစ်ယောက်လိုပဲ နေချင်တော့တယ်
ရွီချသည် သူမ၏ အမည်းရောင်ချပ်ဝတ်တန်ဆာအား ချွတ်ချလိုက်ပြီး သင်္ကန်းအား ဝတ်ဆင်လိုက်သည်။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now