Part 6

135 20 0
                                    

Unicode

"ဘာဖြစ်ပြန်ပြီတုန်း"

လော်ရီမျက်မှောင်ကုတ်ကာညည်းညူလိုက်ရပြန်သည်။Busကားထိုးရပ်သွားတော့ရှေ့ကကလေးအမေကသူ့ကလေးနာသွားမည်ကိုစိုးရိမ်သွားသဖြင့်ဒေါသနှင့် ရှေ့တန်းကိုသွားကာဖေနီးကိုဆဲမည်ကြံသည်။

သို့သော်ထိုကလေးအမေသည်လမ်းတစ်ဝက်မှာတင်ရပ်သွားပြီးငိုင်ငိုင်ကြီးဖြင့်သူမနေရာသို့ပြန်လာကာသူမခုံ၌စိတ်ဓာတ်ကျစွာထိုင်နေလေသည်။

လော်ရီသူမကိုဘာဖြစ်သလဲလို့မေးမလို့ရှိသေးBusပေါ်တက်လာတဲ့ဩဂတ်စ်ကိုမြင်မှရှေ့ကကလေးအမေဘာဖြစ်သွားမှန်းသိတော့သည်။Busကားပေါ်​ဩ​ဂတ်စ်ရောက်လာတာနှင့်ပြန်လည်မောင်းနှင်လာသောကြောင့်လော်ရီဟိုဘက်စောင်းသာပြန်အိပ်ဖို့ကြိုးစားလိုက်သည်။

"..."

"..."

"Thanksဖေနီး.."

"o အေ k.."

"chuckle*"

ကျောင်းဝန်းထဲရောက်တော့လော်ရီပန်းခြံထဲတွင်သွားထိုင်နေလိုက်သည်။သူဆင်းလာချိန်နောက်ကဩဂတ်စ်လိုက်မလာသည်မြင်တော့စိတ်ချမ်းသာသွားရသည်။သူလဲလုပ်စရာရှိလို့နေမှာပေါ့လေ။

ဝှီး..တုတ်။

လော်ရီထံသို့ဦးတည်လာသောဘောလုံးကြောင့်လော်ရီဘောလုံးအားလက်တစ်ဖက်တည်းဖြင့်ဖမ်းလိုက်သည်။စာပြန်နွှေးနေတာကြောင့်ဘောလုံးကန်လိုက်သောနေရာနှင့်သူထိုင်နေသောနေရာ၏အမှန်းအဆကိုမတွက်လိုက်ရ။ဘောလုံးကွင်းကတစ်ဖက်ခြမ်းမှာပြီးတော့အရှိန်နှင့်။ကျောင်းသားအချို့ကလော်ရီ့ကိုပါးစပ်အဟောင်းသားဖြင့်ကြည့်ကြသည်။တချို့ကဂြိုဟ်ကြည့်ကြသည်။

မိမိထံသို့ဦးတည်လာသောကျောင်းသားတစ်ယောက်ကခပ်ပြုံးပြုံးဖြင့်ဘောလုံးကိုလာယူသည်။

"nice catch bro"

"..thanks ခန့်သွေး"

"မင်းကငါ့ကိုသိတာလား ငါကမင်းဘယ်သူမှမသိလောက်ဘူးထင်နေတာ"

လော်ရီမိမိကိုစကားလာပြောနေသောရှိုင်းခန့်သွေးမင်းကြောင့်စာကိုသာပြန်အာရုံစိုက်လိုက်သည်။ခန့်သွေးကမိမိစကားကိုစောင့်နေသည်။လော်ရီခေါင်းမော့ကာကြည့်လိုက်သည်။ခန့်သွေးကပြုံးပြနေသည်။

T h e H e l l D i v i n e♡︎Where stories live. Discover now