Part 7

149 21 1
                                    

Unicode

လေဟာတဖြူးဖြူးနှင့်တိုက်လို့နေသည်။ဖုန်မှုန့်တွေသဲမှုန့်တွေကြားတွင်အနောက်လေအေးအေးဟာတဖြူးဖြူးနှင့်ငြိမ်သက်စွာတိုက်ခတ်လို့နေလေသည်။

အဆောက်အဦးကြီးများပြိုကျနေရင်း၊မှန်စများထပ်ကာကွဲနေရင်းလမ်းပေါ်မှာလူတွေအထပ်လိုက်လဲပြိုနေရင်းသွေးတွေအလိမ်းလိမ်းစီးကျလို့နေရင်း ဒအချိန်တစ်စက္ကန့်ချင်း၊တစ်စက္ကန့်ချင်းဆီကုန်လို့သွားနေသည်။

အနောက်လေးအေးဟာကားမှန်တွေကွဲကာ ပါဝါတိုင်ကြီးရင်ဘတ်သို့ထိုးဖောက်ကာပါဝါတိုင်ပေါ်သို့ခေါင်းတင်ကာသေနေသောသူများ၊ပြေးရင်းလွှားရင်းတစ်ခုခုနှင့်ထိမှန်ကာလဲကျပြီးအဆောက်အအုံအချို့နှင့်ပိကျနေကာသေနေသောသူများအားတဖြည်းဖြည်းလေးရှိုက်သက်ကာပေးနေလေ၏။

တိတ်ဆိတ်ငြိမ်သက်နေသောမြို့ကြီး၊ပြကြီးများဟာယခင်ကလိုလူအသွားအလာမရှိတော့ပါ။မြေအောက်လမ်းများတွင်လဲအုတ်ခုံများစွာပြိုကျကာလူအထပ်ထပ်တစ်ယောက်ပေါ်တစ်ယောက်ဆင့်ကာ​ သွေးအလိမ်းလိမ်းဖြင့်သေနေလိုက်ကြတာများမြင်ကောင်းဖွယ်ရာမရှိ။

ကားသံတွေ၊အချက်ပေးသံတွေကယဲ့ယဲ့လေးတွေပဲ့တင်ထွက်လို့နေပေမယ့် မည်သူမှနားထောင်ရန် သတိထားရန်မရှိ။အေးချမ်းစွာတစ်ယောက်ကိုယ်တစ်ယောက်ဆီအရောက်ပြေးကြရင်းလမ်းလယ်တွင်အသက်ဆုံးရှုံးကြရင်း။ကမ္ဘာကြီးပြိုကျရင်း . . ။

April,16, year unknow
During Midday
A day after Apocalypse arrives

"...အား.."

အုတ်စသဲစတွေကြားထဲအဖြူရောင်အမှုန့်တွေပေးကာအပြင်သို့ထွက်နေတဲ့လက်လေးတစ်စုံကလှုပ်လို့လာသည်။နောက် ဖြည်းဖြည်းချင်းကျောက်တုံးတွေလှုပ်ခတ်လို့လာပြီးအပုံလိုက်ကျနေတဲ့အုတ်နံရံတွေဆီကလူတစ်ဦးထလို့လာသည်။

လော်ရီသူ၏ဆံပင်ဖြူတွေကိုခါထုတ်လိုက်သည်။ကိုယ်မှာကပ်ငြိတွယ်နေတဲ့ဖုန်မှုန့်၊သဲမှုန့်၊ကြွေမှုန့်တွေကိုလဲခါချရင်းဘေးပတ်ဝန်းကျင်ကိုလှည့်လည်ကာကြည့်လိုက်သည်။

"Oh no..."

လော်ရီမျက်နှာညိုးငယ်စွာဖြင့်အာမေဍိတ်တစ်ခွန်းပြုလိုက်သည်။

T h e H e l l D i v i n e♡︎Where stories live. Discover now