အပိုင်း ၁၁

372 12 0
                                    

သူမပြောနေတာကိုမကြားချင်ယောင်ဆောင်ကာပင် ကားကိုသာအာရုံစိုက်မောင်နေလိုက်သည်။ ဂွန်း စိတ်ထဲမှာပြောလိုက်မိတဲ့စကားလေးတစ်ခွန်းကတော့ ဘေးမှာထိုင်နေတဲ့ ဆုဟန်နီတော့ကြားလိုက်မည်မထင်ပါ။

(လွမ်းလိုက်တာ လွန်းငယ်လေးရယ်)

ကုန်တိုက်ကိုရောက်တော့ ဂွန်းအတော်ပင်စိတ်ရှုပ်နေမိသည်။ဟန်နီလိုခြင်တာမှန်သမျှကိုလိုက်ဝယ်ပေးနေရတာကလဲ ခုသူအတွက်စိတ်မချမ်းမြေ့စရာပင်ဖြစ်နေလေသည်။အရင်ကရောတော့ ခုလိုခံစားချက်မျိုးမဟုတ်တာသေချာပါသည်။ပိုက်ဆံနှမြောလို့မဟုတ်ပေမဲ့ ခုလိုနောက်ကလိုက်ပြီးဝယ်ချမ်းပေးနေရတာကိုပင် စိတ်ရှုပ်နေတာဖြစ်သည်။

"ကိုကို ဟန်နီ ဒီအိတ်ကလေးလည်းယူမယ်နော်"

"အင်း"

"အရမ်းချစ်တာပဲ မွမွ"

"ဟန်နီ! လူတွေနဲ့လေ"

"ကိုကိုကလဲ အရင်ကလဲနမ်းနေကြပဲဟာ"

"ခုကစပြီးမလုပ်နဲ့"

"ဘာလို့..."

ပြောပြီးတာနဲ့ရှေ့ကထွက်သွားသောကိုကိုကြောင့် ဟန်နီနောက်ကနေသွာ လိုက်ရတော့သည်။ဘာကြောင့်ပြောင်းလဲသွားမှန်းမသိပေမဲ့ ဟိုကောင်နဲ့ပတ်သတ်မှာကိုတော့ ခံစားမိသည်။လိုချင်တာတွေ အကုန်မဝယ်ရသေးတာကြောင့် ပြန်လို့တော့မဖြစ်သေး ကိုကို့ကိုချွဲ့ရန်အမှီလိုက် လိုက်သည်။

"ကိုကို့ ဟန်နီကိုစောင့်ပါအုံး"

လွန်း နစ်တို့နဲ့ချိန်းထားတဲ့ စားသောက်ဆိုင်လေးကို အရင်ပဲရောက်လာခဲ့သောကြောင့် နစ်နဲ့ချွန်းအလာကို ထိုင်စောင့်နေလိုက်သည်။လွန်းရဲ့ လက်ကလေးတွေကတော့ ကိုကို နမ်းရှိုက်ခဲ့တဲ့ နှုတ်ခမ်းပါလေးကို ထိတွေ့ကိုင်တယ်ရင်းပေါ့ နမ်းခဲ့တာကိုအမှတ်ရမိတော့ ရင်ထဲမှာ နွေး‌ထွေးတဲ့လှိုင်းငယ်လေးက ဖျက်ပြေးသွားသလိုခံစားလိုက်ရသေးကြောင့် ရှက်စဖွယ်ပင်ပြုံးလိုက်မိသည်။အတ္တကြီးတဲ့ကိုကို့ကို မကျေနပ်ပေမဲ့ ကိုယ်ကချစ်မိနေသူမို့ အနမ်းလေးကိုတော့ ကျေနပ်မိသလိုလိုပင်။

 💛အဖြူရောင်နှောင်ကြိုး💛ခေတ္တရပ်နား🙏Donde viven las historias. Descúbrelo ahora