Part - {30}

2.8K 343 25
                                    

ရူဒယ်က ဗာဒီမျိုးနွယ်တွေကို ထိလို့မရတော့ အီဗန်ကိုပဲ ထုတ်ပစ်တော့မှာ။ မူရင်းဝတ္ထုမှာကတည်းက အီဗန်ဒီကျောင်းကို လာရဖို့ ဘယ်လောက်ကြိုးစားခဲ့ရသလဲဆိုတာ ကျွန်တော်သိတယ်။ အီဗန်ဆိုတာက ဘယ်အရာကိုမဆို သူ့ရဲ့ အကောင်းဆုံးကြိုးစားခြင်းထက်တောင် ပိုကျော်လွန်အောင် လုပ်လေ့ရှိသူမို့ပဲ။

ကျွန်တော်သာ ရူဒယ်ကို နည်းနည်းလေး ထိလိုက်ရင်ပဲဖြစ်ဖြစ် ‌ပြန်ပေးဆပ်ရမှာက အီဗန်ဖြစ်သွားလိမ့်မယ်။ ကျွန်တော်က ဘယ်လိုပဲ ဗာဒီမျိုးနွယ်ဖြစ်နေပါစေ၊ ဒီကျောင်းက ဥက္ကဌနဲ့တောင် ထူးခြားတဲ့ဆက်ဆံရေးရှိနေတဲ့ ရူဒယ်ရဲ့အင်အားကို လျော့မ‌တွက်ရဲဘူး။ ရူဒယ်က ကျွန်တော့်အားနည်းချက်ကို ကောင်းကောင်းသိတယ်။

"...ငကြောက်ပဲ"

ရူဒယ်က နှစ်လိုဖွယ်ပြုံးပြလာတယ်။ နေမင်းကြီးလို တောက်ပနေတဲ့အပြုံးက သိပ်ပြီးတော့ ဘဝင်မကျစရာပဲ။

"အဲ့တာကြောင့် သေချာတွေးတောပြီးမှ ပြုမူပါဟေးလ်။ ကိုယ့်ရဲ့အောက်မှာ ညည်း၊ အင်း ဆွဲဆောင်မှုရှိရှိ ညည်းနေပေးမယ်ဆိုရင်တော့ ကိုယ်က မင်းကို ချစ်ဖို့ကောင်းအောင် လုပ်ပေးအုန်းမှာ"

"ခင်ဗျားက အရူးပဲ"

"ကိုယ်သိတာပေါ့"

စိတ်မသိုးမသန့်ဖြစ်မှုတွေပဲ ခံစားလိုက်ရတယ်။ ရူဒယ်က ကျွန်တော်ပြောတာတောင် နားမထောင်ပဲ ပြုံးနေတယ်။ ကျွန်တော် ဆေးပေးခန်းက ထွက်ဖို့လုပ်တော့ ပြောလာသေးတယ်။

"စကားမစပ် ကိုယ်မင်းကို အကြောင်းအရာကောင်းကောင်းလေးတစ်ခု ပြောပြရမလား?"

နားထောင်ဖို့တောင် မသတီစရာပဲကို။ တံခါးလက်ကိုင်ဘုသီးကို လက်နဲ့လှည့်ဖွင့်လိုက်ချိန်မှာပဲ။

"အီဗန်ပရီစတင်က ကိုယ့်ထက်တောင် ရူးသေးတယ်"

ခဏလောက် တန့်သွားပြီးမှ ခြေလှမ်းပြင်ပြီး ရှေ့ဆက်သွားလိုက်တယ်။ တံခါးပိတ်ပြီးတော့ပေါ့။

တံခါးပိတ်သံအကျယ်ကြီးရယ်နဲ့ စင်္ကြန်လမ်းပြတင်းကနေတဆင့် ဝင်လာတဲ့ လေနုအေးလေးတွေကြောင့် ကျွန်တော်ဆေးပေးခန်းထဲကနေ လွတ်မြောက်လာပြီမှန်း သတိရလိုက်တယ်။ ဆေးဝါးနံ့တွေ ရှိနေသေးတုန်းဆိုပေမဲ့ သူနဲ့ရူဒယ်ကြားထဲမှာ တံခါးတစ်ချပ် ခြားထားပြီဆိုတဲ့အသိနဲ့တင် အနည်းငယ် စိတ်သက်သာရာရသွားပြီ။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)Where stories live. Discover now