ဘန်ချန်း မျက်လုံးထဲမှာတော့ ဆောချန်းဘင်က အရာအားလုံး ပိုင်ဆိုင်ထားတဲ့လူ
ဆောချန်းဘင် ပိုင်ဆိုင်တဲ့အရာအားလုံး ဘန်ချန်း လိုချင်တယ်
သိပ်တော့ လွယ်ကူမနေဘူး
လက်တွေ့မှာတော့ ဘန်ချန်းလိုချင်တာက ဆောချန်းဘင် ပိုင်ဆိုင်တဲ့ ဟွမ်ဟျွန်းဂျင်ဆိုတဲ့ ကောင်လေး
ဒေါက် ဒေါက်
မနက် ၃ နာရီ ဘန်ချန်း သူ့ တိုက်ခန်းတံခါးကို ထဖွင့်ပေးရင်း သက်ပြင်းချလိုက်သည်။ သူ့ကို ညအချိန်မတော် အိပ်ရေးပျက်အောင် လုပ်တဲ့လူက ရုပ်ကို မကြည့်တာတောင် ဘယ်သူလဲဆိုတာ သိသည်။
ဟွမ်ဟျွန်းဂျင် မူးရူးတိုင်း သူ့ရဲ့ အဆင်သင့်ဖြစ်နေတဲ့ ရင်ခွင်ထဲ ခိုလှုံခွင့် ပေးမြဲပေးဆဲ။
ဒါပေမယ့် ဘန်ချန်း သူ့ကိုယ်သူ အသုံးမကျတဲ့လူတစ်ယောက်လို အမြဲခံစားရသည်။
"ချန်း ချန်းနီ..."
"ဟွမ် မင်းသောက်ပြန်ပြီလား?"
လူမှန်းသူမှန်းမသိ မူးရူးနေတဲ့ ဟျွန်းဂျင်ကို အိမ်ထဲ ဆွဲခေါ်လာပြီး ဆိုဖာပေါ် ထိုင်ခိုင်းလိုက်သည်။
"ဒီတစ်ခါရော ဘယ်သူ့အိမ်ကနေ လာတာလဲ?"
"ဘင်းနီအိမ်မှာ..."
"အင်း...."
အဖြေကိုသိနေတော့ အထူးအဆန်းမဟုတ်ပေမယ့် စိတ်ပျက်မိသည်။
"အမြဲတမ်းပဲ..."
ဟျွန်းဂျင်ကို ဆိုဖာပေါ်ကနေ ပြန်တွဲပြီး သူ့အိပ်ရာပေါ် လှဲအိပ်ခိုင်းလိုက်သည်။ ဟျွန်းဂျင် သောက်ဖို့ ရေသွားခပ်ပြီး ပြန်လာတော့ အိပ်ပျော်နေလေပြီ။
အခုလိုမျိုး မူးရူးနေတဲ့ ဟွမ်ဟျွန်းဂျင်ကို ဘာဖြစ်လို့ သူ ဂရုစိုက်ပေးနေရတာလဲ?
ဆောချန်းဘင် ရှာတဲ့ပြသာနာမှန်သမျှ ဘာလို့ သူချည်းပဲ ဖြေရှင်းပေးနေရတာလဲ?
ဘန်ချန်း ဒီထက်ပိုပြီး ဘာမှ မသိချင်တော့။
သူ တစ်ခါလောက်ပဲဖြစ်ဖြစ် တစ်ကြိမ်လောက်ပဲဖြစ်ဖြစ် ဆောချန်းဘင် ဖြစ်ချင်တာပဲ သိတယ်
YOU ARE READING
Hɑnɑ Cherie
Short Story"ပန်းလေးတွေ ပွင့်တဲ့အချိန် ငါတို့ပြန်တွေ့ကြမယ် ဟွမ့်ကို ငါစောင့်နေမယ်" 💌Read at your own risk